Tuesday, December 11, 2007

The History of Syriam

တႝဟ္နသဂြံထိင္ဒက္မင္မြဲအခိုက္ကႝာသုေတသနတုဲ မအေရ၀္မံႝဳကုဪအဓိပၸါယ္ပေရံပေရံညံင္ရၜ “တလာင်၊ တလိုင်း” တံဂှ် အဲဆက်ရပ်စပ်အာအတိုင်မူလိက်တြေံဂှ်ရ။ ဒႝဲာမလိက် “တလာင်၊ တလိုင်း”ဂှ် စၞတ်သမ္တီလ၀်အတိုင်ဂကူမန်တံတီလ၀်ဂှ်ညိ။

ပႛဲဝင်ဍုင်သြေင်ဝွံလေ၀် ၀င်ဗၞာတံစောန်ပြံက်လုပ်မံင်တဲု အရာလုဪဒှ်သၝု၊ အရာလုဪဒှ်စောင်ဂှ် ကပှ်ရဲုကေတ်ရ။ လိက်ဝင်ဝွံ အ္စာဝင် J.S. Furnivall, I.C.S. ဗှ်လ၀် ပႛဲကောံဓရီုဇေႝာ်လေၞင်သႝာံ က၀်လိက်လ္ဂုင် (တက္ကသဪုလ္ဂုင်) ပႛဲ ၁၉၁၅ သႝာံ၊ ဂိတုဂ်ာန္ၫူ၀ါရှ ၂၉ တုဲ ေကႅင္ဓမံက္ထ႟းလ၀္ ပႛဲဂ်ဳဪနၜသုေတသနမန္ဗၞာ (Vol.IV.V Pt.I (1-11, Pt.II (49-57), Pt.III (129-139), Pt.IV (139-151) ရောင်သဂွံတီကေတ်တဲု သတ္ဒတ္အဲပၱဳိန္ထ႟းလ၀္ပႛဲဗႜံက္၀ြံ အဲကလိဂွံနူကုဪအ္စာထ၀်သောန် (အ္စာထွန်းသိန်း)ရ။ သွက်ရဲပမံင်သုတေသနဂမႜိုင်ဂှ် ဖျေံစိုတ်တဲု ရပ်စပ်အာနဒဒှ်သတ်ဒတ်ဂမႜိုင်မာန်ရောင်ဂှ် ဘိက္လၞိင္ဏာရ။ ဒုင္စသိုင္ပၚပဲါဆာဲဇၜညာဏ္အိုတ္ညိအၜ။

The chronicle of Syriam whick I give here, together with a translation and a few notes, was originally discovered by me in a monastery in Syriam. This copy was defective, but another copy almost complete was found a mong the palm leaf mss. In the Bernard Free Library. I have compared it with Phayre’s History, with the Buch des Ragawan translated into German from the Talaing by Professor Schmidt, and published by the University of Vienna, 1906, and also with the sketch of Talaing History given in Lloyde=’s Gazetteer of the Rangoon District, of which I know but one copy _ that in the District Library of the former District of Hanthawaddy. This book might well be re-printed by Government. It gives much information about the administration in the early days which can not elsewhere be obtained. For the earlier legends the Mun Yazawin, compiled by U Naw, a co-adjutor of Phayre in the preparation of his history, has been consulted, while some of the notes are taken from bazaar chronicles of Pegu and Toungoo and from thamaings and play books.

To the Hon U Bah Too, U Tun Nyein and Mr. Duroiselle I am indebted for assistance given both in the translation and notes, and in particular to four elders of Syriam whose names I have unfortunately mislaid.

It must be admitted that some of the matter is uninteresting . But several of the legends are worth reading and several points of detail regarding Burmese administration deserve permanent record. Perhaps the chief claim of the work to perusal is that it is the only translation into English of any local Burmese chronicle which has been published as a whole during recent years. It is believed that there are many similar chronicles, and if these were translated and collected before they are lost considerable light would probable be thrown on many obscure passages of Burmese history.

သံလျှင်ရာဇ၀င်။

နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။

ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံတော်မူသော၊ သုံးလုထွဋ်မြတ်စွာဘုရားသည်၊ ဗောဓိပလ္လင်ကို အောင်မြင်တော်မူ၍၊ ၇-၀ါမြောက်တော်မူသောအခါ၌၊ မယ်တော်ဖြစ်ခဲ့ဘူးသော မိနတ်သားအား၊ မွေးကျေးဇူးကိုဆပ်အံ့သောငှါ၊ တာဝတိင်္သာနတ်ပြည်၌၊ ၀ါတွင်းသုံးလပတ်လုံး တရားဟောတော်မူပြီးလျှင်၊ အနောက်မြောက်ထောင့်သို့မျက်နှာရှေးရှုကြွတော်မူသည်တွင်၊ ဟံသာကုမ်းအရှေ့သို့ရောက်သည်ကာလ၊ ဟင်္သာဖိုမ၊ ကောင်းကင်သို့ပြန်၍၊ အတောင်နှစ်ဘက်ရှက်လျှက်ပူဇော်သည်ကို၊ ဘုရားသခင် မြင်တော်မူ၍ ပြုံးတော်မူသည်။ စွယ်တော်ရောင် ထွန်းတောက်သည်ကို၊ အရှင်အာနန္ဒာမြင်၍၊ ဘုန်းတော်ကြီးသောတရားမင်းဘုရား၊ အဘယ်အကြောင်းကြောင့်၊ ပြုံးတော်မူသနည်းဟုလျှောက်ရာတွင်၊ ချစ်သားအာနန္ဒာ၊ ထိုဟင်္သာဖိုမပြန်ဝဲသောအရပ်၌ငါပရိနိဗ္ဗာန်ယူတော်မူသည်နောက်၊ အနှစ် ၁၃၆-နှစ်ရှိသောအခါ၊ ဟံသာပြည်ကြီးဖြစ်လတ္တံ့ဟူ၍ သုံးလုအထွဋ်ဘုရားသခင်ဗျာဒိတ်ပေးတော်မူသည်။

ထိုသို့ဘုရားသခင်ဗျာဒိတ်ပေးတော်မူသည်အတိုင်း။ ၁၃၆-နှစ်ရောက်လျှင်၊ တက္ဈန်းနေပြည်ကုလားတို့သည်၊ သဘောင်္-၇-စင်းနှင့် မြို့ရွာရှာမည်လာလတ်သည်တွင်။ ဟံသာကုမ်းအရပ်ကိုတွေ့၍၊ လှည့်ပတ်ကြည့်ရှုပြီးလျှင်။ သင့်တင့်လျှောက်ပတ်သည်ကိုမြင်လျှင်။ အစွဲအမှတ်ဖြစ်စိမ့်သောငှာ။ လုံးပတ်ငါးထွားအလျားခုနစ်တောင်ရှိသောသံတိုင်စိုက်ထားခဲ့ပြီး၍။ ချင်းတို့အရှင်ရှိရာမြို့ရွာသို့ပြန်သွားလေသည်နှင့်။ တလိုင်းတို့လည်းဗျာဒိဟသိုက်စာရှိသည်အတိုင်း၊ ဟံသာကုမ်းသို့မြို့တည်မည်သွား၍ကြည့်လတ်သည်တွင်။ ကုလားတို့ကစိုက်မှတ်သောသံတိုင်ကို တွေ့မြင်လေသောကြောင့်တလိုင်းတို့သည်၊ ဥပါယ်တမည်အကြံနှင့်သံတိုင်ကိုနှုတ်၍ ရွှေလင်းပန်း၇ချပ်၊တစဉ်၉ခုမြှုပ်ထားပြီးလျှင် သံတိုင်ကိုစိုက်မြဲစိုက်လေသည်နှင့်ကုလားတို့လည်း၊ မြို့တည်မည်ဟူ၍သဘောင်္အများနှင့်လာသည်။ တလိုင်းတို့လည်းမြို့တည်မည်၊ ဟံသာကုမ်းအရပ်သို့လာရောက်ကြ၍။ ငါတည်ရသင့်သူတည်ရသင့်ညင်းဆိုရသည်တွင်။ ကုလားတို့ကငါတို့မှတ်သည့် သက်သေသံတိုင်ရှိပါလျှက်၊ အဘယ်ကြောင့်မင်းတို့မြို့တည်ရမည်လောဆို၏။ တလိုင်းတို့ကလည်းငါတို့သာတစဉ် ၉ ခု၊ ရွှေလင်ပန်း ၇ ချပ်နှင့်မှတ်ရင်းမှတ်ဦးဖြစ်သည်။ မင်းတို့မှတ်သည့်သံတိုင်မှာ ငါတို့နောက်မှမှတ်ထားသည်သံတိုင်သာဖြစ်သည်ဆိုသည်တွင်။ မည်သူလျှင်မှတ်ဦးဖြစ်မည်ကိုတူ၍ကြည့်ကြသော်။ သံတိုင်အောက်တွင်ရွှေလင်ပန်း ၇ ချပ်၊ တစဉ် ၉ ခုကိုတွေ့မြင်သောကြောင့်။ ကုလားတို့ကမညင်းမဆိုနိုင်၍၊ ချင်းတို့မြို့ရွာသို့ပြန်သွားလေသည်။

ဘုရားသခင်ဗျာဒိတ်ပေးသည်အတိုင်း။ နှစ်သက္ကရာဇ်ရောက်၍တလိုင်းတို့ကမြို့တည်မည်ပြုရာတွင်။ ဘုရားသခင်ဗျာဒိတ်ပေးတော်မူသည့်မြို့ဖြစ်သောကြောင့်။ သိကြားမင်းကိုယ်တိုင်စောင်မစီရင်သည်။ သက္ကရာဇ် ၅၁၄ခု-တပို့တွဲလပြည့်ကျော် ၁ ရက် ၂လာနေ့ ဟံသာကုမ်းတွင်မြို့တည်ပြီးမှ။ပဲကူးဟံသာအမည်သမုတ်၍။ သမလ၊၀ိမလညီနောင်နှစ်ပါးတို့အားပေးအပ်တော်မူသည်။

နောင်တော်သမလမင်းပြုသည်။ နောင်တော်မရှိလျှင်ညီတော်ဝိမလမင်းပြုသည်။ ၀ိမလမရှိနောက်အသားမင်း ၃-မရှိနောက်အရိန္ဒ၊အရိန္ဒမင်း၎၊ ၎င်းနောက်မဟိင်္သာရာဇာမင်း၅၊ ၎င်းနောက် နဂနွောမင်း ၆၊၎င်းနောက်မိဂါဒိပ္ပမင်း ၇၊ ၎င်းနောက်ဂစ္ဆမိယမင်း ၈၊ ၎င်းနောက်မဏုလမင်း ၉၊ ၎င်းနောက်သတ္တရကန္နမင်း ၁၀၊၎င်းနောက်မနုရာဇာမင်း ၁၁၊မိဂါဒိပ္ပမင်း ၁၂၊ ၎င်းနောက်သိင်္ခလမန္ဒမင်း ၁၃၊၎င်းနောက်ဥပရာဇောမင်း ၁၄၊၎င်းနောက်ပုဏ္ဏာရိကမင်း ၁၅၊၎င်းနောက်တိဿမင်း ၁၆၊ ပဌမပရိစ္ဆေဒမင်းပေါင်း ၁၇ ဆက်ရှိသည်။နောက်ဟံသာပဲကူးမြို့ ၁၃ နှစ်တောဖြစ်လေသည်။

နှစ်ရှည်လများရှိမူဒုတိယပရိစ္ဆေဒပကအဘယကာမဏိအမတ်၊ ဟံသာဝတီမြို့ကိုပြုစုသည်နှင့်များမကြာအဘယမာမဏိလည်း။ ပုကံမင်ူကိုချားပုံကံ၍၊ဟံသာဝတီတွင်မင်းပြုသည်။ ၎င်းနောက်ကလျာမင်းပြုသည်၊၎င်းနောက်တရားပျားမင်းပြုသည်လက်ထက်တွင်။ မုတ္တမမှာဝါရိရုမင်းပြုသည်ကာလ၊ ပုကံမြို့ကဟံသာဝတီသို့ တရပျားကိုတိုက်မည်ဗိုလ်ပါအများချီလာ၍ တရပျားက ၀ါရိရိမင်းသို့လက်ဆောင်ပဏ္ဏာအများနှင့်စစ်ကူပါမည်အကြောင်းစေသည်တွင်။ ၀ါရိရုမင်းလည်း စစ်သည်ဗိုလ်ပါအများနှင့်ချီလာ၍ ဟံသာဝတီကကူညီတိုက်လေ၏။ ပုကံစစ်သည်တို့လည်းမရပ်မခံနိုင်ဆုတ်သွားလေသည်။

ဝါရိရုမင်းလည်း အမှုပြီး၍မုတ္တမသို့ ပြန်မည်တွင်။ တရပျားက၀ါရိရုမင်း ကျေးဇူးသည် က္ဈန်ုပ်တွင်ကြီးပေသည်။ ကျေးဇူးကိုဆပ်လိုသည်လင့်နှင့်ပါဆို၍ ရပ်ဆိုင်းနေသည်နှင့်စစ်သည်တို့လည်း အမှတ်မဲ့တောအုံလှည့်ပတ်နေသည်အခိုက်။ ၀ါရိရုမင်းတွင်လူနည်းကြောင်းကိုကြားသိ၍။ တရပျားကိုယ်နှင့်စစ်သည်ဗိုလ်ပါအများ မြို့တွင်းကတိုက်မည်ချီလာကြောင်းကို၊ ၀ါရိရုမင်းသိမြင်လျှင်။ ငါသည်သူ့ချမ်းသာကိုရှာပါလျှက် ငါ့ကိုအကျိုးနည်းအောင်ကျေးဇူးမဲ့ရန်မူလာသည်မှာ။ ဘုမ္မစိုး၊ ရုက္ခစိုး၊ အာကာသစိုး၊ ကမ္ဘာစောင့်နတ်မြတ်အပေါင်းမှတ်ပါကုံတိုင်ပြီးမှ။ ၀သုနြေ္ဒနတ်လည်းသက်သေခံပါဆို၍ ရွှေဖလားနှင့်ရေသွန်းပြီးလျှင်ဆင်ပေါ်သို့တက်၍ တပ်တွင်ရှိသည့်ရဲမက်စစ်သည်တို့ကို သိမ်းရုံးပြီးလျှင် စီးချင်းတိုက်လေ၏။ တိုက်ကြသည်ကာလ၀ါရိရုမင်းဆင်ခြေဘုန်းလှံရှည်ကိုင်တို့က တရပျားမင်းကိုထိုးမိသောကြောင့်။ ဆင်ပေါ်ကကျလေ၍ သေလေ၏။ ၀ါရိရုမင်းလည်းဟံသာဝတီကိုအောင်မြင်ပြီးလျှင်။ နေရင်းမုတ္တမမြို့သို့ပြန်သွားလေသည်နှင့် ဟံသာဝတီပဲကူးမြို့လည်း။ မုတ္တမကျေးဖြစ်လေ၏။

ဆက်ပႜန်၊ ဆက်ရန်၊ To be continued...

No comments: