Monday, December 17, 2007

History of Syriam (4)

ဘထွေးတော်သာလွန်မင်းတရားကြီးလည်း၊ သက္ကရာဇ် ၉၉၄ ခုတွင် အင်းဝက ဟံသာဝတီသို့ ချီလာသည်။ မချီတော်မူမှီ၊ ရှမ်းပြည်ယွန်းပြည်က ချီလာတော်မူ၍ ၊ အင်းဝသို့ ရောက်တော်မူကြောင်းကို မင်းရဲဒိပ္ပကြားလျှင်၊ ရခိုင်သို့ ထွက်ပြေးမည်ကြံသည်တွင်၊ ၀င်းသား၊ ဒိုင်းသားတို့က မင်းရဲဒိပ္ပကို အကြည့်ထားလေသည်။ ဘထွေးတော်သာလွန်မင်းတရားကြီး ဟံသာဝတီသို့ ရောက်လျှင်၊ မင်းရဲဒိပ္ပကို ရ၍ ထပ်လောင်း၍ အကြည့်ထားတော်မူသည်တွင်၊ မင်းရဲဒိပ္ပလည်း၊ အနိစ္စရောက်လေသည်။

နောက်သာလွန်မင်းတရားကြီးလည်း၊ ဟံသာဝတီတွင် ရှိသည့် မြန်မာတလိုင်းရှမ်းယွန်း၊ ဒါးဝယ်၊ ယိုးဒယားတို့ကို၊ အကုန်အစင်သိမ်းရုံးတော်မူ၍၊ ၉၉၆ ခုတွင်၊ အင်းဝနေပြည်တော်သို့ ပြန်လည်တော်မူသည်။ ရောက်၍၊ ရွှေထီးရွှေနန်း တက်သိမ်းတော်မူပြီးလျှင်၊ ဟံသာဝတီက ပါသည့်မြန်မာ၊ ရှမ်းအစုစုသာ ရှမ်းပြည်၊ ယွန်းပြည် ၁၂ ပြင်သားတို့ကို၊ ယွန်းစုကောင်ဟံလမိုင်းစီထီးလက်လှုပ်မှာ ဖြည့်တော်မူသည်။ ယွန်းစုကောင်ဟံတို့ကို၊ တိမ်ညင်းနွားသတ်ကျပင်းနွယ်တမယ်စလင်း၊ ကန္နီ၊ မဓုံ၊ မုံရွာ၊ အမြင်ပရိမ္မ၊ မင်းကျောင်း၊ မူသာ၊ ယူတော်မူလက်ဆောင်ခံ၊ ကြည်ရွာ၊ ဘုရားဌွက်၊ ရွာများတွင် ချထားတော်မူသည်။ စောလှမြို့နယ်တွင် စုထားသည်။ ဟံသာဝတီက သိမ်းတော်မူသည်မြန်မာတလိုင်း၊ ရှမ်း၊ ယွန်း၊ ကုလားတို့ကို၊ အစို့အငန်းဖွဲ့တော်မူသည်မှာ၊ ဟံသာဝတီသျှိ၊ တောအမြို့စု၊ မုတ္တမဗျညားတလ၊ ၀င်ရောစားဒေ၀က မာဆွေသားမျိုးသားစစ်တောင်း ဗျညားအိမ်ဒဆွေသားမျိုးသား၊ လယာဗညားသီဟဆွေသားမျိုးသား၊ ရွှေပန်းပန်ကွန်သ္မိံစုတို့ကို ဗညားဓမ္မရာဇာနှင့်လူ ၅၀ သိမ်းတော်မူရာကပါ ကဲ့သည်။ ရွှေပန်းပန်ကွန်သ္မိံစု၊ က္ဈန်တော်ရင်းဒေ၀ကမ္မာကို သွေးသောက်ကြီးခန့်၍၊ ဗညာအိန္ဒဆွေမျိုးသားလူ ၅၀ကို ရွှေပန်းပန်ကွန်သ္မိံစုဘွဲ့တော်မူသည်။၊ ဗညားဖြတ်စကို၊ သွေးသောက်ကြီးခန့်၍ ဗညားသီဟဓမ္မတ္တဆွေသားမျိုးသားလူ ၅၀ကို ရွှေပန်းပန်ကွန်သ္မိံစုဘွဲ့တော်မူသည်။ ပညားကွန်တတို့ကို၊ သွေးသောက်ကြီးခန့်၍၊ ဗညားဒလဆွေသားစမျိုးသားလူ ၅၀ကို ရွှေပန်းပန်ကွန်သ္မိံစုဘွဲ့တော်မူသည်။ ဗညားရာဇာကို သွေးသောက်ကြီးခန့်၍၊ သ္မိံထောဆွေသားမျိုးသားလူ ၅၀ကို ရွှေပန်းပန်ကွန်သ္မိံစုဘွဲ့တော်မူသည်။ လုပ်နေမြေပေးချသနားတော်မူသည်။ ဒေ၀ကမ္မာသွေးသောက်ရွှေပန်းပန်ကွန်သ္မိံစုတို့ကို၊ နေမြေ၊ စစ်ကိုင်း၊ ဇင်းကြံချောက်တောင်ဘက်ကို၊ ကျေးပုဏ္ဏား၊ အရှေ့ကို ဦးယျာဉ်မြေ၊ အနောက်ကို၊ လမ်းမ၊ မြောက်ကို ခြောက်လကောင်းပညားစက္ကသွေးသောက် ရွှေပန်းပန်ကွန်သ္မိံစုနေမြေ၊ အင်းဝမြို့တောင်အရှေ့ကို ဘကိုးချောင်း၊ တောင်ကို သဘင်သည်ရပ်၊ မြောက်ကို ဇင်းမယ်မြင်၊ အနောက်မှိုင်ပွန်ချောင်း၊ ဗညားအိန္ဒသွေးသောက် ရွှေပန်းပန်ကွန်သ္မိံစု၊ ဗညားဖြစ်စသွေးသောက် ရွှေပန်းပန်သ္မိံစုနှစ်၊ သွေးသောက်ကို တဘက်ဆွဲ အရှေ့ကို ကုလားချောင်း၊ တောင်ကို ရန်နှစ်ကျော်အင်းတိုင်၊ အနောက်ကို မိုးဒူးတိုင်၊ မြောက်ကိုမြစ်၊ ၎င်းအတွင်း တာဝန်း ၄၀၀ ဗညားအိန္ဒသွေးသောက်နေမြေ၊ ပုကံရွှေကျောင်းစာ၊ သ၀တ်မြေတုတို့ဆိပ်ရွာ၊ အရှေ့ကို ကင်းပါခဲ၊ တောင်ကို ၉သန်း၊ အနောက်ကို သူငယ်တော်၊ မြောက်ဆင်တဲ၊ အတွင်းတာဝန်း ၅၀၀၊ နေမြေချတော်မူသည်။ ဟံသာဝတီအရှေ့ဘက်၊ ရွှေပန်းပန်ကွန်သ္မိံစုငါး သွေးသောက်သားတို့ကို လုပ်မြေချပေးတော်မူသည်။ ရွှေပုထိုးဘုရားရှင်ဝတ်မြေ၊ တောင်ပြုန်းငယ်မြို့နယ်အ၀င်၊ ဇေယဘော်တိုင်နက်၊ ဥလောအင်လုပ်မြေပါယ် ၆၀။ အရှေ့ကို ဇင်းမယ်၊ ရွှေပန်းပန် မြောက်ကို ပြည်ပါ၊ ရွှေပန်းပန် တောင်ကို နုပ်စုမြောင်းမတော်၊ အနောက်ကို ရွှေပန်းပန်မြေနယ်လေးရပ်အတွင်း၊ ငါးသွေးသောက်လုပ်မြေပါယ် ၆၀ ၎င်းဇင်းမယ်ရွှေပန်းပန်အင်ယည် စန္ဒသူသွေးသောက်၊ ၎င်းပြည်ပါဘယအဂ္ဂသွေးသောက်ရွှေပန်းပန်၊ ၎င်းစက္ကယော်တသွေးသောက်ရွှေပန်းပန်၊ စက္ကနန္ဒသွေးသောက်ရွှေပန်းပန်၊ သီရိဇေသွေးသောက်ရွှေပန်းပန်၊ ညောင်ရန်းပါသုံးသွေးသောက်တို့ကို ပေးချတော်မူသည်။ ဥလောအင်းအတွင်းရွှေပတိုးဘုရားရှင်ဝတ်မြေပါ ၄၀၊ အရှေ့ကို ယိုးဒယားလယ်အသိနုပ်စုပေါင်း၊ အနောက်ကို စပိုင်သိလယ်အသီနုပ်မြေကို သူရဲမြေကို သူရဲမြေ၊ မြေလေးရပ်အတွင်းအစုစု ရွှေပန်းပန် ၁၀သားတို့ကို ပေးချသနားတော်မူသည်။

No comments: