Friday, December 14, 2007

History of Syriam (2)


မုတ္တမမှာ ၀ါရိရုမင်းမရှိသည်နောက် စုံလင်မင်းပြုသည်။ ၎င်းနောက် စောအိုမင်းပြုသည်။ ၎င်းနောက် ဇောစိတ်မင်း။ ၎င်းနောက် ဇိတ်ပန်းမင်းပြုသည်။ ၎င်းနောက် ဗျညားရန္တမင်းပြုသည်။ ၎င်းနောက် အကံကောင်းမင်းပြုသည်။ ၎င်းနောက် ဗညားအဲလော။ ၎င်းနောက် ဗညားဦး မင်းပြုသည်။ ထိုမုတ္တမမြို့တွင်မင်းရှစ်ဆက်ပြုသည်အခိုက်။ ပဲကူးဟံသာမှာ နှစ်ဆယ်သုံးနှစ်နှင့်နှစ်လခြောက်ရက် မင်းဆက်ပြတ်၍နေသည်။

ဗညားဦးလက်ထက်တွင်မှ ခြောက်နျစ်စံပြီး၍။ မုတ္တမမြို့မင်းဆက်ကုန်သောကြောင့်။ သက္ကရာဇ် ၇၁၆ခုတွင်။ ဗျညားဦး ဟံသာပဲကူးသို့ လာ၍ မင်းပြုပြန်သည်။ ဗျညားမရှိနောက် ရာဇာဓိရာဇ် မင်းပြုသည်။ ၎င်းနောက် ဗျညားဓမ္မရာဇာမင်း၊ ၎င်းနောက် ဗျညားရန်ခိုက်မင်း၊ ၎င်းနောက် ဗျညားဘရှူး၊ ၎င်းနောက် ဗျညားကျမ်းတော၊ ၎င်းနောက် ဗျညားထော်၊ ၎င်းနောက် ဓမ္မစေတီမင်း၊ ၎င်းနောက် ဗျညားရန်မင်း၊ ၎င်းနောက် တကာရွပ္ပိမင်း၊ ၎င်းနောက် တပင်ရွှေထီးမင်းပြုသည်။ ၎င်းနောက် သ္မိံထောရာဇာ တတိယပရိစ္ဆေဒမင်းပေါင်း ၁၂ ဆက် မင်းပြုသည်အနက်။

သ္မိံထောရာဇာလက်ထက် ကေတုမတီတောင်ငူပြည်ကြီးက ဆင်ဖြူများရှင်မင်းတရားကြီးဘုရားသွေးသောက်တော် ၂၈ယောက်နှင့်တကွ။ စစ်သည်ဗိုလ်ပါအလုံးအရင်းများနှင့်ချီလာသည်။ ပန်းကျော်ချောင်းတွင် သ္မိံထောရာဇာကို တွေ့လျှင် တိုက်၍ အောင်မြင်တော်မူသည်။ ဟံသာပဲကူးသို့ ရောက်တော်မူမှ ဆင်ဖြူများရှင်မင်းတရားကြီးဘုရား ဟံသာပဲကူးအနောက် မြင်းသီလာကုမ်းအရပ်တွင် သက္ကရာဇ် ၉၂၇ခု နတ်တော်လဆန်း ၄ရက် ၅နေ့ မြို့ပြအိုးတံခါးမှစ၍။ ၁၂ဌာဏကို တချန်တခါတည်း တည်လုပ်တော်မူသည်။ သက္ကရာဇ် ၉၂၈ခုနှစ်မှ ပြီးသည်။ မြို့တံခါးပေါင်း ၂၀၊ တံဇောင်းပြအိုးပေါင်း ၁၀၀၉၊ လမ်းမတဆယ်၊ လမ်းငယ်အများရံလျှက် ရေမြောင်းသွယ်၍ တူးလုပ်စေသည်။ ကျုံးကား အတာ ၂၀၊ ဇောက်ကား အတောင် ၂၀၊ မြို့တံခါး ၅၀မှာလည်း လုပ်သည်။ မြို့ရွာအမည်းအတိုင်း သမုတ်တော်မူသည်။ တံခါးအမည်ကား။ အရှေ့မြောက်ထောင့် ပြည်တံခါး။ ၎င်းကသည် အင်းဝတံခါး။ ၎င်းကသည် တောင်ငူတံခါး။ ၎င်းကသည် စလင်းတံခါး။ ၎င်းကသည် ဒလတံခါး။ အရှေ့တောင်ထောင့် ဇင်းမယ်တံခါး။ ၎င်းကသည် အုံးပေါင်တံခါး။ ၎င်းကသည် မိုးညှင်းတံခါး။ ၎င်းကသည် မိုးကောင်းတံတား(တံခါး?)။ ၎င်းကသည် ဒါးဝယ်တံခါး။ အနောက်တောင်ထောင့် ကလေးတံခါး။ ၎င်းကသည် မိုးနဲတံခါး။ ၎င်းကသည် ညောင်ရွှေတံခါး။ ၎င်းကသည် သာရာဝတီတံခါး။ ၎င်းကသည် သိန်နီတံခါး။ အနောက်မြောက်ထောင့် ယိုးဒရားတံခါး။ ၎င်းကသည် တနသာင်္ရီတံခါး။ ၎င်းကသည် မုတ္တမတံခါး။ ၎င်းကသည် ပုကံတံခါး။ ၎င်းကသည် ပုသိမ်တံခါး။ တံခါးပေါင်း ၅၀ လုပ်ရသည်။ မြို့ရွာပြင် ကျန်သည့် ပခန်ကြီးမြို့သားတို့ကို မြို့ရိုးတလျှောက် ထမ်းပင်လမ်းဆုံလမ်းခွများကို အုံးပင်စိုက်ရသည်။

ဟံသာဝတီနယ်ရှစ်ရပ် သတ်မှတ်သည်ကား အရှေ့ကို ယွန်းစလင်းဝင်မြို့၊ အရှေ့တောင်ကို ဒီချောင်းဝတဘက် မုတ္တမမြေနှင့်ကျောခိုင်း၊ တောင်ကို ၀င်လေးချောင်းတဘက် သံလျှင်မြေနှင့်ကျောခိုင်း၊ အနောက်ကို ဘကိုးချောင်းတဘက်ကို လက်ထုံးပြု၍ ရွှေဒဂုံဘုရားရှင်မြေစပ်၊ အနောက်ကို ပအိုင်မြေထိ ကတ္တုတင်ချောင်းအနောက်မြောက်ထောင့်ကို အောက်မြေကုန်းသာရာဝတီနှင့်ကျောခိုင်း၊ မြောက်ကို ရဲနွဲ့ချောင်းထိ တောင်ငူမြေနှင့်ကျောခိုင်း၊ အရှေ့မြောက်ကို သံဆိတ်ကျောက်မှော်။

သည်နယ်ရှစ်ဆယ်သတ်မှတ်အတွင်းတွင်။ မြို့ရန် ၃၂မြို့အမည်ကား။ မင်းရဲလှမြို့၊ နဲရည္စညမြို့၊ ထန်းတောမြို့၊ တီတွတ်မြို့၊ ဇောင်းတွံမြို့၊ ကောလံယမြို့၊ တလနွံမြို့၊ ဘိုင်းတာမြို့၊ လဲပြောသလွန်မြို့၊ တုန်းခန်းရဲနွဲ့မြို့၊ ကြောက်မော်မြို့၊ ဒုစရာဇ်မြို့၊ စစ်တောင်းမြို့၊ ဘန်းမြို့၊ အဿမြို့၊ နည်ဆုမြို့၊ ယွန်းစလင်းမြို့၊ ၀င်ပြိုင်းမြို့၊ ဒင်းမဲမြို့၊ တကာရွတ်ပိမြို့၊ ကောခုမြို့၊ ဇရွဲအုံးမြို့၊ မော်လုံမြို့၊ လကွန်းဗျည်းမြို့၊ အခရိန်မြို့၊ ဖောင်းနင်းမြို့၊ မော်ဘီမြို့၊ စကုမြို့၊ လောကောမြို့၊ လိုင်မြို့ဟူ၍ ၃၂မြို့အမည်သမုတ်ခေါ်ဝေါ်သည်။

မင်းတရားကြီးနှင့်သစ္စာတော်သောက်ဘက်သွေးသောက်တော်ကြီးရင်ကား။ မကော်ရွာစားနန္ဒသူရိယခံခနို၊ ဂုဏ္ဏသီရိဇေရနော်ရထာခံ ပုသိန်မြို့စားငရဲဆွေ၊ ဇေယမဟာကြီးခံ မြောက်တောင်မင်းသရဇေရခံ ခဘုံစား။ မြေပဲစား။ ခတီး။ စလင်းစား။ ကျော်ထင်းဘွဲ့ခံငထွေးဖြူ။ တရကျော်ခံ ရွှေထိုင်၊ ငအောင်နိုင် အမည်မရခင် သေ။ ဇင်ရိုင်စားပေါ်မြို့ကြီးစား ငအုန်းကြွယ်။ ကွန်းဘုံစား ငထွေစစ်။ ကြောက်ရစ်စားငပေါက်သစ်။ စစ်တောင်းစားအသ၀တ်ဘွဲ့ခံ ငသံကြယ်။ ဘ၀ရှင်မင်းတရားကြီးအမည်တော်ငရဲထွတ်။ ပျံချီကြီးခံငသိဒ္ဓတ်။ ကန္နီစားဇေယဘယခံငသူတော်။ ပခန်းစားသင်ခယာခံငသော်တ။ ၀ဲဓားရာဇသင်ချံခံငထွေးညို။ ကြက်သာရွာစားငဘယံ။ မုတ္တမစားသီရိဇေယကျော်ထင်ခံသုက္ခ၀တီစား၊ ငနှောင်း။ နော်ရထာကြီးခံငပြည်ဝ။ စစ်ကိုင်းစားသရေစည်သူခံပေါက်လှသက်ရှည်ကျော်ထင်ကြီးခံငစံသူ။ မင်းရဲသိန်ခသူခံပစ်ပနာစားငထွေးကြိုင်။ သွေးသောက်တော်ကြီး ၇အပေါင်း ၂၈တို့နှင့်။

အရပ်ရပ်မကျိုးနွံသမျှမြို့ရွာများကို သိမ်းရုံးလုပ်ကြံတော်မူ၏။ နေပြည်တော်ဟံသာဝတီမြို့ရောက်လျှင် အရပ်ရပ်အစို့အငန်းဖွဲ့တော်မူသည်။ သက္ကရာဇ် ၉၄၃ ခု တဆောင်မုန်းလပြည့်ကျော် ၆ရက် ၄နေ့၊ ဆင်ဖြူများရှင်မင်းတရားကြီးဘုရား နတ်ပြည်စံတော်မူသည်။ ၎င်းသက္ကရာဇ်တွင် သားတော်မဟာဥပရာဇာငါးဆူဒါယကာ ရွှေထီးရွှေနန်းကို စိုးအုပ်တော်မူသည်။ ၎င်းသားတော်ကြီးအကြီးကိုလည်း။ မဟာဥပရာဇာအမည်ကို သနားတော်မူသည်။ တောင်ငူမှာလည်း ကိုးသိမ်းသခင်ဘုရင်မင်းခေါင်မရှိနောက် သားတော်မင်းကျော်ထင်ရွှေန်စံမင်းကို တောင်ငူမြို့ကို သနားတော်မူသည်။ ၎င်းသားတော်နတ်ရှင်နောင်ကိုလည်း တောင်ငူမဟာဥပရာဇာကို သနားတော်မူသည်။

၉၄၉ခု ယိုးဒယားဗြနရာဇ်ချားနား၍။ သားတော်မဟာဥပရာဇာ သားတော်ပြည်ဘုရင် သတိုးဓမ္မရာဇာယောက်ဖတော်နတ်ရှင်နောက်တို့ကို ဆင်လုံးမြင်ရင်များနှင့်ချီ၍ လုပ်ကြံစေသည်။ အင်းတောင်အရပ်ရောက်လျှင်။ စစ်အင်္ဂါကျင်းပ၍နေသည်အခိုက်။ ယိုးဒယားဗြနရာဇ်က စိန်ပြောင်းနှင့်လွှတ်၏။ ဆင်ဦးကင်းပေါ်တွင် သားတော်ဥပရာဇာ အနိစ္စရောက်သည်။ မဟာဥပရာဇာမရှိနောက် အင်းဝမင်းရဲကျောင်စွာကို ဟံသာဝတီသို့ ခေါ်၍၊ မဟာဥပရာဇာကို သနားတော်မူသည်။

နောက်တလိုင်းအမတ်၊ လင်ဇင်းအမတ်တို့ကို မယုံမကြည်တော်မူ၍။ လူအများတထောင်ခန့် ကွပ်မြက်တော်မူသည်။ ကျန်သည့်တလိုင်းထွန်းလင်ဇင်းတို့လည်း။ ဇင်းမယ်၊ တောင်ငူ၊ ညောင်ရမ်း၊ ယိုးဒယားတို့သို့။ အသီးသီးပြေးဝင်သည်နှင့် တောင်ငူမြို့၊ ပြည်မြို့၊ လင်ဇင်း၊ မုတ္တမ ခမည်းတော်နိုင်ငံတော် မြို့ရွာများလည်း အသီသီးချားနားပုန်ကန်လေသည်နှင့်။ ဟံသာဝတီမြို့ကိုလည်း တောင်ငူရခိုင် ၂ မြို့ဝန်၏လုပ်ကြံသည်။ ငါးဆူဒါယကာသားတော်ပြည်ဘုရင် တောင်ငူသို့ဝင်၍ ခမည်းတော်ကို ချားနားလေသည်။ ဟံသာဝတီပြည်ကြီးလည်း များမကြာ ပျက်စီး၍ စွယ်တော်သပိတ်တော်မှစ၍ ငါးဆူဒါယကာကိုနှင့်တကွ။ တောင်ငူသို့ ချီရောက်ကြလေသည်။ တောင်ငူသို့ ရောက်လျှင် နတ်ရှင်နောင်မယ်တော်နှင့်။ နတ်ရှင်နောင်တို့ရေတဲနန်းတော်တွင် လုပ်ကြံ၍ ငါးဆူဒါယကာ အနိစ္စရောက်သည်။

သက္ကရာဇ် ၉၆၀ ပြည့်တွင် ညောင်ရန်းမြို့စား။ မင်ရဲနန္ဒမတ်သည် တောင်ငူဘထွေးတော်။ ဘထွေးတော်ခြားနား၍ အားမဲ့အားကိုးဆရာတော်ကို တိုင်ပင်၍ စောနာပူရမြို့ကို သက္ကရာဇ် ၉၆၅ခု တီထွဋ်ပြုစုတော်မူသည်။ ၉၆၄ခု သီပေါညောင်ရွှေမိုးနဲသိန္နီမြို့ရွာများကို လုပ်ကြံတော်မူ၍ အပြန်ရွှေသာလျောင်းဘုရားရှင်သို့ ရောက်တော်မူမှ နတ်ပြည်စံတော်မူသည်။

No comments: