Tuesday, July 10, 2012

ဒီမိုကရေစီနှင့် မိမိကိုယ်ကို ဆောက်တည်မှု (Democracy vs Personal Autonomy)

mostsaing
ဒီမိုကရေစီကို Majority Rule ဟု စာရေးသူက ရည်ညွန်းဖန် များသည်။ ဒီမိုကရေစီဆိုသည် Rule by the people ဖြစ်၍ ဆိုရခြင်း ဖြစ်သည်။ ဒီမိုကရေစီကို အာဏာရှင်တို့က ချုပ်ကိုင်ထား၍ မရပါ။ ပြည်သူတွေက ဒီမိုကရေစီကို အမှန်တကယ် လိုလားလျှင် အာဏာရှင်တို့က မဟန့်တားနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် အာဏာအစစ်အမှန်က အာဏာရှင်တို့၏ လက်ထဲ၌ အမှန်တကယ် မရှိပါ။ အာဏာက သူတို့လက်ထဲ၌ ရှိသည်ဟု အာဏာရှင်တို့က ပုံမှားရိုက်ထားသဖြင့် ဒီမိုကရေစီကို အာဏာရှင်တို့ထံတွင် ပြည်သူများက တောင်းဆိုနေခြင်း ဖြစ်သည်။ အမှန်တွင် ပြည်သူတို့သည် သူတို့နှင့်တန်သော အစိုးရတစ်ရပ်ကို အမြဲတမ်း ရရှိနိုင်ကြသည်။

မိမိကိုယ်ကို ဆောင်တည်ခြင်းဟုဆိုရာ၌လည်း မိမိကိုယ်ကို အုပ်ချုပ်တတ်ခြင်းကို ဆိုချင်သည်။ အာဏာသည် ပြည်သူတို့အထံ၌ တည်ရှိသည်ဖြစ်၍ ပြည်သူတို့ကိုယ်တိုင်က အစိုးရ ဖြစ်သည်။ ထို့ကြောင့် ပြည်သူတစ်ဦးချင်းသည် မိမိကိုယ်မိမိ အုပ်ချုပ်တတ်ဖို့ လိုသည်။ မိမိကိုယ်ကို မအုပ်ချုပ်နိုင်လျှင် မိမိကိုယ်တိုင်က အစိုးရကောင်းမဟုတ်တော့။ မိမိနေအိမ်၌ မိမိက အစိုးရကောင်းမဖြစ်လျှင် ပြည်ထောင်စုတွင်လည်း အစိုးရကောင်းတစ်ရပ် ပေါ်ထွန်းရန် မလွယ်ကူပါ။ မီးဖိုချောင်းတစ်ခုကို နိုင်နိုင်နင်းနင်း အုပ်ချုပ်နိုင်သော မိန်းမသည် နိုင်ငံတစ်ခု၏ သမ္မတကောင်းတစ်ဦးဖြစ်ရန် အရည်အချင်းရှိသည်။ လေ့ကျင့်ပျိုးထောင်ပေးလျှင် မလွဲဧကန် ဖြစ်မည်ဖြစ်သည်။

နိုင်ငံသားကောင်းတစ်ဦးအနေဖြင့် မိမိကိုယ်ကို ဥပဒေနှင့်အညီ အုပ်ချုပ်တတ်ဖို့ အရေးကြီးပုံကို ဆိုချင်သေးသည်။ အမေရိကန်ပြည်ထောင်စုတွင် နိုင်ငံသားအတော်များများသည် သူတို့အစိုးရ ဘာလုပ်သည်ကို အမြဲမပြတ် စောင့်ကြည့်သည်၊ သူတို့အစိုးရ အကြပ်အတည်း ဖြစ်နေလျှင် မတန်တဆ အခွင့်အရေးများကို မတောင်းဆိုပါ၊ သူတို့အစိုးရ အလုပ်မလုပ်လျှင်လည်း သက်တမ်းတစ်ခုသာ ရုံးထိုင်နိုင်မည်ဖြစ်သည်၊ ဥပဒေကို လေးစားသလို ပြည်သူတစ်ဦးချင်း၏ အခွင့်အရေး၊ ပြည်နယ်များ၏ အခွင့်အရေး၊ ပြည်ထောင်စုအပေါ် သစ္စာစောင့်သိမှုတို့ကိုလည်း အကြွင်းမဲ့ နားလည်သူများ ဖြစ်ကြသည်။ ထို့ကြောင့် အမေရိကန်ပြည်ထောင်စုသည် ဒီမိုကရေစီဖခင်နေရာကို ရရှိနေခြင်း ဖြစ်သည်။ အကျဉ်းချုံးပြောရလျှင် အမေရိကန်ပြည်သူများသည် မိမိကိုယ်မိမိ အုပ်ချုပ်တတ်သူများ (Personal Autonomy) ရှိကြသူများ ဖြစ်သည်။

နိုင်ငံသားကောင်းများ များများမွေးထုတ်နိုင်ရန် ဥပဒေကောင်းများ ရှိရသည်။ ယင်းဥပဒေကောင်းများ အသက်ဝင်အောင်လည်း ပြည်သူ့ဝန်ထမ်းများက လေးစားလိုက်နာသင့်သည်။ မြန်မာနိုင်ငံသည် ဥပဒေကောင်းရှိသည့် နိုင်ငံဖြစ်သည်။ မွန်လူမျိုးများသည် ဥပဒေအရာ ကျွမ်းကျင်ကြသည်။ သထုံဆိုသည်မှာ သုဓမ္မ မှ ဆင်းသက်သည်။ ဥပဒေကောင်းရှိသည့်နိုင်ငံဟု ဆိုသည်။ မွန်တို့၏ ဥပဒေဖြင့် ပုဂံလက်နက်နိုင်ငံတော် (လက်နက်ဆိုသည်မှာ လက်နက်ဖြင့် တည်ဆောက်ခြင်းမဟုတ်)ကို တည်ထောင်နိုင်ခဲ့သည်။ ပုဂံပြည်တွင် မွန်တို့အင်အား မှေးမှိန်စပြုချိန် နရပတိစည်သူ(၁)လက်ထက်တွင် မွန်ဆရာတော် ဓမ္မဝိလာသမထေရ်ကို ဓမ္မသတ်ကျမ်းတစ်ဆူ ပြုစေ၍ အောက်ပြည်ကို သာသနာပြုစေလွှတ်ခဲ့သည်။ ထို့အတူ ဝါရီရူဓမ္မသတ်လည်း ထင်ပေါ်ကျော်ကြားသည်။ ဘုရင့်နော်ကျော်ထင်နော်ရထာသည် ထိုင်းကို အောင်မြင်ပြီးသည့်နောက် မွန်တို့၏ဓမ္မသတ်ကို ကျင့်ကြံစေခဲ့သည်။ ထိုင်းနှင့်မွန်တို့သည် ဘုရင့်နောင်ကို မုန်းတီးကြခြင်းအလျဉ်းမရှိချေ။

အဘယ်ကြောင့်ဆိုသော် အုပ်ချုပ်မှုကောင်းလျှင် ပြည်သူ့သားကောင်းများ ပေါ်ထွန်းလာရိုးသာ ဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံသမိုင်းတွင် မင်းဆိုးမင်းညစ်များ ရှိခဲ့သလို မင်းကောင်းမင်းမြတ်များလည်း မနည်းလှပါ။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးအရာ၌ မြန်မာတို့သည် အရှေ့တောင်အာရှ၏ စံပြ ဖြစ်ခဲ့ဖူးသည်ကို မမေ့အပ်ပေ။ လက်ရှိတွင်လည်း အရှေ့တောင်အာရှတွင် စံပြဖြစ်နိုင်သည့် နိုင်ငံရေးအဝန်းအဝိုင်းတစ်ခုကို ပိုင်ဆိုင်ထားသည်။ အရှေ့တောင်အာရှတွင် ပြည်ထောင်စုအမည်ခံနိုင်ငံမှာ မလေးရှားနှင့်မြန်မာသာ ရှိသည်။ ထိုတွင် ပြည်ထောင်စုအမည်ကို တတွင်တွင်သုံးနေသည့်နိုင်ငံမှာ မြန်မာသာ ဖြစ်သည်။ မြန်မာတွင် ကောင်းမွန်သည့်ဥပဒေ၊ ကောင်းမွန်သည့်အစိုးရ၊ ကောင်းမွန်သည့်အုပ်ချုပ်ရေး၊ ကောင်းမွန်သည့် တရားစီရင်ရေးစနစ်၊ ကောင်းမွန်သည့်နိုင်ငံသားများ ရှိလျှင် အရှေ့တောင်အာရှတွင် နောက်တစ်ခါ ပြန်လည်ထွန်းတောက်လာမည်မှာ မြေကြီးလက်ခတ်မလွဲပါ။

ထိုတွင် ကောင်းမွန်သည့် နိုင်ငံသားများ ရှိရန်ဟူသော အချက်သည် တိုင်းပြည်၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးသည့်အချက် ဖြစ်သည်။ ဒီမိုကရေစီစနစ်သည် Rule of the Laws by the people ဖြစ်၍ ပြည်သူ့သားကောင်းမှ စစ်သားကောင်းများ၊ ဝန်ထမ်းကောင်းများ၊ အမတ်ကောင်းများ၊ အစိုးရကောင်းများ ပေါ်ထွက်လာရ၍ ဖြစ်သည်။ အထူးသဖြင့် ပညာရေးအားနည်းနေသော မြန်မာနိုင်ငံတွင် လူမှုရေးဘာသာ Social Study အားနည်းနေသေး၍သာ အချင်းချင်း ရန်သူသဖွယ် ဆက်ဆံနေကြခြင်းဖြစ်သည်။ ကချင်မှာ ဖြစ်နေသည့် စစ်သည် ရန်လိုမုန်းတီးစိတ်ကို ဖြစ်စေသည်။ စစ်ခေါင်းဆောင်များမှာသာ လူမှုရေးဘာသာလေ့လာမှုအားကောင်းခဲ့လျှင် အရှုံးသာ ရှိသည့် ဤစစ်ပွဲမျိုးကို တိုက်နေမည်မဟုတ်ပါ။

တပ်မတော်သားများကို ပြည်သူများက အခွန်ပေး၍ ပြည်သူတို့၏ အသက်အိုးအိမ်ကို စောင့်ရှောက်စေသည်။ ဝန်ထမ်းများကိုလည်း ဒီမိုကရေစီအုပ်ချုပ်ရေးအတွက် အခွန်ဆောင်၍ ကျွေးထားရသည်။ ရဲဝန်ထမ်းများကိုလည်း ဥပဒေစိုးမိုးရေးအတွက် အခွန်ကြပ်မတ်၍ ထောက်ပံ့ထားရသည်။ ပြည်သူတို့သည် မိမိတို့ငှားထားသော၊ ကွေ္ပျးထားသော၊ အကူအညီရယူရန် ဖွဲ့စည်းထားသော၊ လွယ်သည်လည်း ဖြစ်နိုင်သည်၊ ခက်သည်လည်း ဖြစ်နိုင်သည် အချိန်မရွေး မိမိတို့ဖြုတ်ပစ်နိုင်သော ဤဖောင်တိန်ကိုင်လက်နက်ကိုင်အဖွဲ့အစည်းများကို အဘယ်ကြောင့် စိုးရွံ့ကုန်သနည်း။ အရှင်းဆုံးအချက်မှာ မည်သူ့မှာမှ Personal Autonomy မရှိ၍ ဖြစ်သည်။ Personal Autonomy မရှိသူ့လက်ထဲ လက်နက်တပ်ပေးလိုက်လျှင် တိုင်းပြည်က ဘာဖြစ်သွားမလဲ၊ Personal Autonomy မရှိသည့် တရားသူကြီးလက်ထဲ ဖောင်တိန်းတစ်ချောင်းနှင့် စာရွက်တစ်ရွက်ပေးခဲ့လျှင် ဘာဖြစ်သွားမလဲ၊ Personal Autonomy မရှိသည့် အရာရှိကို ခုံတစ်လုံးထိုးပေးလျှင် ဘာဖြစ်သွားမလဲ စဉ်းစားစရာတောင် မလိုပါ။

စစ်တပ်က ဓားပြလို သောင်းကျန်းမည်၊ ရဲဝန်ထမ်းများက ငတက်ပြားဂိုဏ်းဝင်များ ဖြစ်ကုန်မည်၊ အစိုးရအရာရှိများလည်း အရက်သမားအဆင့်ထက် မကျော်နိုင်ဖြစ်မည်၊ ပြည်သူတို့ကလည်း တန်သည်မတန်သည် သင့်သည် မသင့်သည် စဉ်းစားမနေတော့ဘဲ ဝမ်းစာရေးအတွက် လုပ်ချင်ရာလုပ်မည်ဆိုလျှင် Personal Autonomy မရှိတော့။ ဤကဲ့သို့ စည်းကမ်းမရှိသည့် နိုင်ငံတစ်ခုမှာ ဒီမိုကရေစီထွန်းကားအောင် မည်သို့လုပ်ရမည်နည်း။ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဆိုသည်မှာ စစ်သားတိုင်း၊ ရဲတိုင်း၊ အရာရှိတိုင်း၊ ဥပဒေဝန်ထမ်းတိုင်း၊ တရားသူကြီးတိုင်း၊ ပြည်သူတိုင်းက မိမိကိုယ်ကို ဆောက်တည်နိုင်မှုကို ဆိုလိုစေချင်သည်။ ၂၀၀၈ -ခု ဥပဒေမှာမျိုး စစ်ရာဇဝတ်ကောင်များကို အကာအကွယ်ပေးပြီး ပြည်သူများကို အသက်ရှု၍ရရုံလေး ဖိနှိပ်ထားသည့်ဥပဒေကဲ့သို့ မဖြစ်စေလိုပါ။

ထို့ကြောင့် Personal Autonomy ကို လေ့လာသင့်သဖြင့် အကျယ်တဝင့် ရေးချင်သေးသည်။ ဤ၌ ဤမျှနှင့်သာ ရပ်ပါမည်။

စုမတြာကျွန်းသည် သုဝဏ္ဏဘူမိမဟုတ်

mostsaing
သုဝဏ္ဏဘူမိအချက်အချာသည် မြန်မာနိုင်ငံမှ သထုံမဟုတ်ဘဲ အင်ဒိုနီရှားနိုင်ငံမှ စုမတြာကျွန်းဖြစ်ပုံကို မဟာဗောဓိဂျာနယ်၊ ဗုဒ္ဓသာသနိကပဌဝီဝင်ကျမ်းနှင့် မြန်မာ့စွယ်စုံကျမ်းတို့မှာ ဖော်ပြသည်။ ဖော်ပြချက်အားလုံးကို အကျဉ်းရုံးလျှင် -

၁။ အိန္ဒိယကျောက်စာဘက်ဆိုင်ရာတို့က နာလန္ဒတက္ကသိုလ်နေရာဟောင်းကို တူးဖော်ကြသောအခါ ခရစ် ၉၀၀ ခု၊ သာသနာ ၁၄၄၄ ခုနှစ်ထိုး ကြေးပုရပိုဒ်၌ သုဝဏ္ဏဒွီပခေါ် စုမတြာကျွန်း၏ ဘုရင်သီရိဗလပုတ္တဒေဝမင်းသည် ရာဇဂဟဂယာစီရင်စုအတွင်း၌ ပါဝင်သော ဒေဝပါလမင်းပိုင် ရွာငါးရွာကို မိမိပိုင်သုဝဏ္ဏဒွီပမှ ရွာငါးရွာဖြင့် လဲလှယ်၍ နာလန္ဒတက္ကသိုလ်ကြီးအား လှူဒါန်းကြောင်း ရေးသားထားသည်ကို တွေ့ရခြင်း၊

၂။ ပါရာဇိကဏ်အဋ္ဌကထာ၌ 'ဒီပဿ သမန္တတော အာရက္ခံ ထပေတွာ'ကို ထောက်၍ သုဝဏ္ဏဘူမိသည် ရေပတ်လည်ဝိုင်းကျွန်းဖြစ်သည်ဟု သိရခြင်း၊

၃။ ဇာတကဋ္ဌကထာတို့၌ တာမလိတ္တိသဘောင်္ဆိပ်နှင့် သုဝဏ္ဏဘူမိသည် ယူဇနာပေါင်း (၇၀၀) ကွာဝေးသည်ဟု ပြသဖြင့် မိုင်အားဖြင့် ၁၃၉၂ မိုင်ခွဲ ရှိပြီး ယခုခေတ်သထုံနှင့် မိုင်ပေါင်း (၄၀၀)ကျော် ကွာကာ စုမတြာနှင့် မိုင်ပေါင်း ၁၄၀၀ မတိမ်းမယိမ်းရှိခြင်း၊

၎။ ရှေးဟောင်းသာသနိကအဆောက်အဦးများ ရှိခြင်း၊

၅။ ပုဂံပြည် နရပတိစည်သူမင်းလက်ထက် (သာသနာ ၁၇ - ရာစု)၌  ဆပ္ပဒမထေရ်နှင့်အတူ သီဟိုဠ်ကျွန်းမှ လိုက်ပါလာသော ရာဟုလာမထေရ်သည် မလ္လာယုကျွန်း (မလေရှား)သို့ သွား၍ ဘုရင်အား ခုဒ္ဒသိက္ခာကျမ်းကို သင်ကြားပို့ချပေးကြောင်း ကလျာဏီကျောက်စာအဆိုကို သိရခြင်း

ဟူသော အချက်(၅)ချက် ဖြစ်သည်။ ထိုနောက်ဆုံးပေါ်ပညာရှင်များသည် ဤအချက်(၅)ချက်ကို လက်ဆုပ်လက်ကိုင်ပြု၍ စုမတြာကျွန်းကို မူလသုဝဏ္ဏဘူမိအဖြစ် သတ်မှတ်ပြီး ထိုမှတစ်ဆင့် မလေးရှား၊ ထိုင်း၊ ကမ္ဗောဒီးယား၊ လာအို၊ ဗီယက်နာမ်၊ ရာမညဒေသ (မြန်မာနိုင်ငံအောက်ပိုင်း)သို့ သာသနာတော်ထွန်းကားပြန်ု့ပွားလာကြောင်း ယူဆကြသည်။ ထိုအချက်(၅)ချက်ကို အနည်းငယ် ချေပလိုသည်။

၁။ ကြေးပုရပိုဒ်၌ ပါရှိသော ပါလမင်းဆက်သည် ဘင်္ဂါလီမင်းဆက် ဖြစ်သည်။ အေဒီ ၇၃၀ မှ စတင်ပြီး အေဒီ ၁၂ ရာစုတွင် ပျက်သည်။ ဘင်္ဂလားနယ်နှင့် ဗီဟာရ်နယ်တောင်ပိုင်းကို အုပ်ချုပ်သည်။ မဟာယာနဗုဒ္ဓဘာသာဝင် ဖြစ်သည်။ နာလန္ဒတက္ကသိုလ်မှာ အေဒီ ၄၆၇ ခုမှာ နရသီဟဂုပ္ပတမင်းက ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ဤတက္ကသိုလ်မှ ပဏ္ဍိတမဟာယာနဒေဝဘွဲ့နှင့် ရိုးရိုးပဏ္ဍိတ်ဘွဲ့များကို ပေးသည်။ ထေရဝါဒနှင့်ဆိုင်သည့်ဘာသာရပ်များကို မသင်ပါ။ ပါဠိဘာသာကိုတောင် အသုံးအမှတ်မပြု။ အမှန်တွင် ဤမဟာယာနအဆက်အနွယ်ရဟန်းများသည် ဒုတိယသံဂါယနာတင်ကတည်းက ထေရဝါဒနှင့် လမ်းခွဲခဲ့ကြသူများ ဖြစ်သည်။ အသောကမင်းသည် ထေရဝါဒဖြစ်၍ သထုံဗုဒ္ဓဘာသာသည်လည်း ထေရဝါဒ ဖြစ်သည်။ ပထမအချက်သည် ခုတ်ရာတခြား ရှရာတလွဲသာ ဖြစ်သည်။

၂။ ဒီပသဒ္ဒါကို တွေ့၍ သုဝဏ္ဏဘူမိကို ရေပတ်လည်ဝိုင်းနေရမည်ဟု ဆိုလျှင် ပုဂံကို တမ္ဗဒီပဟု ခေါ်သည်။ အင်ဒိုးနီးရှားတွင် ရှိသလော။ ရှင်မဟာဗုဒ္ဓဃောသကို သထုံသားဟု ယူလျှင် ရှင်းသည်။ မွန်တို့က ရေပတ်လည်ဝိုင်းကျွန်း၊ ကုန်းကမူ၊ တောင်အငူ (၃)မျိုးကို ဒီပသဒ္ဒါဖြင့်သာ ပါဠိစီသည်။ ကော့ခမိုင်ဆိုလျှင် ဘီလူးကျွန်း၊ ကော့ဘိန်းဆိုလျှင် အိုးကုန်းရွာ၊ ကော့ဂရိုင်းစေတီဆိုလျှင် တောင်အငူစေတီဟု ဆိုရသည်။ မွန်စကား 'ကော့' ကို ဒီပသဒ္ဒါဖြင့်သာ စီသည်။ သို့သော် ကော့ သည် ကျွန်းတစ်မျိုးတည်း အဓိပ္ပါယ်ရှိသည်မဟုတ်။ အရှင်သောဏအရှင်ဥတ္တရတို့ ကြွရောက်ခဲ့သော သုဝဏ္ဏဘူမိသည် လက်ရှိသထုံမဟုတ်၊ ဘီလင်းမှ ကေလာသတောင်ခြေဖြစ်ကြောင်း ကလျာဏီကျောက်စာက ဆိုသည်။ လူနေရပ်ကွက်သည် မြေပြင်၌ ရှိ၍ မင်းနေအိမ်သည် တောင်အငူ၌ ရှိသည်။ ဒီပဿ သဒ္ဒါသည် ဤတောင်အငူကို ဆိုလိုသည်။

၃။ ဤနံပါတ်(၃)အချက်ကို ရှင်းလိုလျှင် စုမတြာကျွန်းကို လက်မွန်မစွ အဆိုပြုခဲ့ကြသော အနောက်တိုင်းပညာရှင်များသည် ကပ်ကမ္ဘာအကြောင်းနှင့် ဘုရားအလောင်းတို့၏ အခန်းကဏ္ဍကို ယုံကြည်မှသာ သင့်လျှော်သည်။ ဘုရားအလောင်းသည် မဟာကပ်ပေါင်းအသင်္ချေတို့တွင် နန္ဒ၊ သုနန္ဒ၊ ပထဝီ၊ မဏ္ဍ၊ ဓရဏီ၊ သာဂရ၊ ပုဏ္ဏရိက ဟူသော ခုနှစ်အသင်္ချေအတွင်း၌ ဗြဟ္မဒေဝ အစရှိသော တစ်သိန်းနှစ်သောင်းငါးထောင်သော ဘုရားရှင်တို့ကို ဖူးမြော်ရပြီး ဘုရားဖြစ်ချင်စိတ် ရှိလှသဖြင့် ပါရမီဖြည့်တော်မူခဲ့သည်။ ထို့နောက် သဗ္ဗဘဒ္ဒ၊ သဗ္ဗဖုလ္လ၊ သဗ္ဗရတန၊ ဥသဘက္ခန္ဓ၊ ခန္ဓုတ္တမ၊ မာဏိတ၊ ဘဒ္ဒ၊ သဗ္ဗဘလ္လ ဟူသော ကိုးအသင်္ချေအထက်၌ ပေါရာဏသကျဂေါတမ အစရှိသော သုံးသိန်းရှစ်သောင်းခုနှစ်ထောင်သော ဘုရားရှင်တို့နှင့် ကြုံတွေ့ရပြီး နှုတ်ရောစိတ်ပါ ဘုရားဆုပန်ခဲ့သည်။ ထိုမှနောက်၌ သုမေဓာ ရှင်ရသေ့ဘဝသို့ ရောက်လာခဲ့သည်။ သုမေဓာရှင်ရသေ့ဘဝမှ စ၍ သေလ၊ ဘာသ၊ ဇေယျ၊ ရုစိယ ဟူသော လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းအထက်၌ နှစ်ကျိန်ရှစ်ဆုကုန်သော ဘုရားရှင်တို့တွင် ဒီပင်္ကရာဘုရားမှစ၍ နိယတဗျာဒိတ်ကို ရလျက် ဘဝပေါင်းများစွာ ပါရမီဖြည့်ခဲ့သည်။ ဤဘဒ္ဒကမ္ဘာ၌ပင် တေမိ စသော ဇာတ်ပေါင်း (၃၅)ဇာတ် ဖြစ်၍ ဝေဿန္တရာမင်းဘဝသို့ ရောက်ရှိခဲ့သည်။

ဒလိဒ္ဒဇာတ်၌ အသင်္ချေ(၂၀)နှင့်ကမ္ဘာတစ်သိန်းအထက်၌ ဘုရားလောင်းသည် ဂန္ဓာရတိုင်း၌ ဆင်းရဲသားဖြစ်၍ သုဝဏ္ဏဘူမိသို့ ရွှေရှာထွက်ကြောင်း ပြသည်။ ဤဘဝတွင်ပင် ဘုရားဖြစ်ချင်စိတ်ပေါ်ခဲ့သည်။ နောက်ဇာတ်တစ်ခုမှာ မဟာဇနကဇာတ်ဖြစ်သည်။ ဘဒ္ဒကမ္ဘာဖြစ်စဉ်(၃၆)အနက် နံပါတ်(၃)၊ ဇာတ်တော်ကြီးဆယ်ဘွဲ့အနက် နံပါတ်(၂) ဖြစ်သည်။ အလွန်ရှေးကျသည်။ ထို့ကြောင့် ဒလိဒ္ဒဇာတ်မှာ ပါရှိသော သုဝဏ္ဏဘူမိသည် သုမေဓာရှင်ရသေ့ဘဝကိုပင် သက်တမ်းကျော်နေပြီ။ မဟာဇနကဇာတ်မှ သုဝဏ္ဏဘူမိသည်ပင် နှစ်အသင်္ချေပေါင်းများစွာ သက်တမ်းရှိနေပြီ။ ဇာတ်တော်၌ ပါရှိသော သုဝဏ္ဏဘူမိနှင့် မွန်တို့၏ သုဝဏ္ဏဘူမိ အတူတူပင်ဟုဆိုလျှင် မှားချိမ့်မည်။ ထို့ကြောင့် ယူဇနာ (၇၀၀) ကိစ္စ ရှင်းစရာပင် မလိုပါ။

အကယ်၍ ယူဇနာ(၇၀၀)ကိစ္စကို ရှင်းရမည်ဟုဆိုလျှင်လည်း ဝန်မလေးပါ။ သထုံနှင့်တာမလိတ္တိ မိုင်(၄၀၀)ကွာနေခြင်းမှာ အဆိုပါပညာရှင်တို့က မျဉ်းဖြောင့်ပုံစံဖြင့် တိုင်းတာခဲ့ခြင်းဖြစ်သည်။ ခေတ်ဟောင်းရေကြောင်းသည် ကမ်းရိုးတန်းမှ မိုင်တစ်ရာဝေး၍ သွားလေ့ရှိမည်မထင်ပါ။ ထို့ကြောင့် ကမ်းခြေကို လိုက်၍ မျဉ်းကွေးပုံစံဖြင့် တိုင်းရမည်ဖြစ်သည်။ ယင်းသို့ တိုင်းတာခဲ့သည်ရှိသော် သထုံနှင့်တာမလိတ္တိသည် ယူဇနာ(၇၀၀)နှင့် အကိုက်ပင် ဖြစ်သည်။

၎။ ဤအချက်ကိုလည်း တလွဲတွေးကြခြင်း ဖြစ်သည်။ သထုံ၌ ရှေးဟောင်းအဆောက်အဦးမရှိ၊ စုမတြာ၌သာ ရှိသည်ဟု ဆိုကြသည်။ အဆိုပါစာရေးဆရာတို့ညွန်းပြသည့်ဗောရောဗုဒုရ်စေတီ၊ စန္ဒီမင်ဒွတ်အစရှိသော သာသနိကအဆောက်အဦးများသည် စုမတြာကျွန်း၌ ရှိသည်မဟုတ်၊ ဂျားဗားကျွန်း၌ အေဒီ(၈)ရာစုနောက်ပိုင်းတွင်မှ တည်ဆောက်ထားသော သာသနိကအဆောက်အဦးများ ဖြစ်သည်။ ထိုစဉ်က စုမတြာနှင့်ဂျာဗားတို့သည် သီးခြားနိုင်ငံများဖြစ်ကြသည်။ ပျူနှင့်မွန်ကို ရောကုန်သလိုမျိုး ဖြစ်သည်။ ထူးဆန်းသည်မှာ စေတီဘုရားကျောင်းကို စန္ဒီဟု ခေါ်ကြသည်။ သူတို့သည် ဗုဒ္ဓဘာသာမဖြစ်ခင် ဟိန္ဒူများဖြစ်ခဲ့ကြောင်းထင်ရှားသည်။ ထို့ပြင် ဤစေတီတော်များသည် ထေရဝါဒအဆောက်အဦးများမဟုတ်ဘဲ မဟာယာနနှင့်ဟိန္ဒူအမွေအနှစ်များသာ ဖြစ်သည်။ သာသနိကအဆောက်အဦးမရှိဟု သူတို့ပြောနေသော သထုံဒေသသည် အေဒီ (၃)ရာစုရှေးဟောင်းပစ္စည်းများကို တွေ့ရှိရသော ဒေသ ဖြစ်သည်။ ကျိုက်ထီးဆောင်း မြေထိုးစက်နှင့် ကြိတ်မိ၍ ကွဲထွက်လာသော ကျောက်ပြားတစ်ခု၌ ယေ ဓမ္မာ ဟေတုပ္ပဘာဝါ ဂါထာ ပါရှိသည်ကို စာရေးသူတို့ မြင်တွေ့ရသည်။ ယင်းမွန်ပါဠိသည် အင်ဒိုရှိဘယ်သာသနာ့ပစ္စည်းထက်မဆို ရှေးကျသည်။ တတိယသံဂါယနာခေတ် သုဝဏ္ဏဘူမိသာသနာပြုသင်္ကေတဖြစ်သော မနုဿီဟရုပ်သည် မြန်မာနိုင်ငံ၌သာ တွေ့ရှိရသည်။ ထို့ကြောင့် သူတို့သုဝဏ္ဏဘူမိအဆိုသည် ယုတ္တိမတန်ချေ။

၅။ သူတို့ထောက်ပြသည့်အချက်များတွင် ဤနောက်ဆုံးအချက်သည်သာ ထေရဝါဒနှင့် တိုက်ရိုက်သက်ဆိုင်သည်။ သို့သော် ဤအချက်ကို ကလျာဏီကျောက်စာမှ ယူသည်ဖြစ်၍ သုဝဏ္ဏဘူမိသည် ဘီလင်းရှိကေလာသတောင်ဖြစ်သည်ဟု ကလျာဏီကျောက်စာမှာပင် ဖော်ပြပြီဖြစ်၍ သူတို့အဆို ပျက်ပြယ်ပြီသားဖြစ်သည်။ ဤအချက်ဖြင့် ထေရဝါဒသည် အင်ဒိုနီရှားမှ မြန်မာသို့ ပျံ့နှံ့ခဲ့ခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံမှ မလေရှားသို့ ပြန့်ပွားခဲ့ခြင်းသာ ဖြစ်သည်။

စာရေးသူ ဤထက် အသေးစိတ် ဆွေးနွေးနိုင်သည်။ ဤ၌ ဤမျှသာ ရပ်ပါရစေ။ လိုရင်းတိုရှင်းပါ။

ဆင်ခြင်စရာ မြန်မာ့နိုင်ငံရေးပါ

mostsaing
၁။ ဘာသာရေးကိုင်းရှိုင်းတာနဲ့ နိုင်ငံရေးကျွမ်းကျင်မှုဟာ တခြားစီပါ။ ဦးနုက ဘာသာရေးနဲ့ လူတွေကို စုတယ်။ နေဝင်းက အရက်၊ မိန်းမ၊ အာဏာနဲ့ လူစုတယ်။ မဟုတ်တယ့်ခေတ်မှာ လူမိုက်က အရာရောက်တာမို့ ဦးနုက ပြုတ်ရတယ်။ နိုင်ငံရေးမှာ အလျှော့ပေးရုံနဲ့ အောင်မြင်နိုင်တယ်ဆိုယင် ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမှ စစ်တပ်ထားစရာလိုမှာမဟုတ်။

၂။ ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းမှာ ပြည်သူတို့ရဲ့ထောက်ခံမှုကို ရထားတယ်။ ပြည်ပမှာဆို ထောက်ခံမှု ပိုရတယ်။ အတိုက်အခံတွေက သူတစ်ယောက်ထဲကို အားကိုးနေသလို ဖြစ်နေတယ်။ ဒုသမ္မတများဖြစ်မလား၊ အောက်လွှတ်တော်ဥက္ကဋ္ဌများဖြစ်မလား ဒီမိုသမားတွေ ခန့်မှန်းရတာလည်း အမောပါပဲ။ ဒါပေမယ့် ဒုသမ္မတနေရာကို တပ်မတော်သားကိုယ်စားလှယ်များက အဆိုပြုရမှာဆိုတော့ မျှော်လင့်ချက် သိပ်ထားလို့ မရတော့။ ပြည်သူတို့ရဲ့မဲနဲ့ တက်လာတယ့်ပုဂ္ဂိုလ်တွေလည်း မဟုတ်တော့ သူတို့တင်သွင်းတယ့် ဒုသမ္မတလည်း ပြည်သူ့သမ္မတမဟုတ်။ စစ်တပ်အတွက် ဒုသမ္မတသာ ဖြစ်တယ်။ အခု ဦးမြင့်ဆွေကို ရွေးတယ်လို့ သတင်းထွက်နေပြီ။

၃။ သိန်းစိန်အစိုးရဟာ အပြင်ပန်းအားဖြင့် ပျော့ပျောင်းတယ်ထင်ရပေမယ့် နအဖထက် မာတယ့်အစိုးရပါ။ အတိုက်အခံများကို လမ်းဖွင့်ပေးတာထက် သူတို့လမ်းပွင့်ဖို့က အဓိကပါ။ အခုနေအခါမှာ မြစ်ဆုံဆည်ကို ပြန်ဆောက်နေပြီ။ အမေရိကန်တို့နဲ့ စီးပွားရေးစာချုပ် ချုပ်ခဲ့ပြီ။ တရုတ်နဲ့အမေရိကန် မတူပုံကို စာရေးသူတို့ သိပါတယ်။ ဒါပေမယ့် စီးပွားရေးသမားဟာ စီးပွားရေးသမားပါပဲ။

ဒီ(၃)ချက်ကို စဉ်းစားကြည့်ပါ။ အဖြေထုတ်ကြည့်ပါ။ အပြန်အလှန်သုံးသပ်ရယင် ...

၁။ ဦးမြင့်ဆွေကို ဒုသမ္မတအဖြစ်နဲ့ ရွေးတယ်ဆိုတာ သန်းရွှေခေတ် မကုန်သေးဘူးဆိုတာ ပြတယ်။ ဦးမြင့်ဆွေ ဒုသမ္မတဖြစ်ခြင်းမှာ ကောင်းတယ့်အလားအလာမဟုတ်ဘဲ သန်းရွှေမသေမချင်း သိန်းစိန်အစိုးရကဘာမှ မလှုပ်ရဲသေးဘူးဆိုတယ့်သဘောကို ပြနေတယ်။

၂။ လွှတ်တော်ထဲဝင်တာ အတိုက်အခံလုပ်ဖို့မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်။ စစ်တပ်နဲ့ပြည်ခိုင်ဖြိုးတွေက အတိုက်အခံလုပ်မှာကို ဆင်ဝှေ့ရန်ရှောင်ခြင်းသာ ဖြစ်တယ်။

၃။ ရိုဟင်ဂျာနဲ့ပတ်သက်ပြီး တိုင်းရင်းသားမဟုတ်ဘူးလို့ အစိုးရက ကျေညာတယ်၊ မသိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဖြေတယ်။ သူတို့နှစ်ဖက်စလုံးက ပြည်သူတို့ရဲ့ ငြိုငြင်ခြင်း၊ ကမ္ဘာက မျက်စောင်းထိုးခြင်းကို ရှောင်ရှားနေကြတယ်။

၎။ ပြည်ခိုင်ဖြိုးအစိုးရက ၂၀၁၅ ရွေးကောက်ပွဲအတွက် အမာခံများကို တိတ်တဆိတ် တည်ဆောက်နေပြီး လက်ရှိလွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်က မပြောပလောက်တယ့်စွမ်းဆောင်မှုသာ ရှိနိုင်မှာဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ၂၀၁၅ ခု အထွေထွေရွေးကောက်ပွဲကိုသာ ပစ်မှတ်ထားနေပုံရတယ်။

၅။ ပြည်ပနိုင်ငံများမှာ အင်အားရှိပြီး ဆုံးဖြတ်နိုင်စွမ်း၊ လုပ်နိုင်စွမ်း၊ ဆုံးဖြတ်ရဲ၊ လုပ်ရဲတယ့် အစိုးရနဲ့ပဲ ပူးပေါင်းလိုကြတယ်။ ပြည်သူတို့ရဲ့ သဘောဆန္ဒကို အမြဲတမ်းယူနေယင် ပြည်ပအစိုးရများကလည်း သိပ်မကြိုက်ကြ။ သိန်းစိန်အစိုးရမှာ ဒီအင်္ဂါရပ်များနဲ့ ပြည့်စုံတယ်။ ဒေါ်အောင်ဆန်းစုကြည်က လူထုခေါင်းဆောင်ဖြစ်လို့ ပြတ်သားမှု အားနည်းတယ်၊ မက်လုံးမရှိ၊ အခွင့်ထူးမပေး။ ဒါတွေဟာ အမှန်တရားဖြစ်ပေမယ့် သံတမန်ရေးမှာ အဖုအထစ်များ ဖြစ်တတ်တယ်။

အပြန်အလှန်သုံးသပ်ယင် ဒီအချက်တွေကို တွေ့ရတယ်။ ဒါပေမယ့် အဖွဲ့တိုင်းက လူအလူနတွေ မဟုတ်ပါဘူး။ သူ့တွက်ရေးနဲ့သူ ရှိကြပါလိမ့်မယ်။ ကိုယ်စားဝင်ပြီး တွက်ကြည့်ရယင်...

၁။ တိုင်းရင်းသားတွေက အစိုးရကို အယုံအကြည် အမှန်တကယ် မရှိ။ အခြေအနေအရ အပစ်ရပ်ထားရတယ့်ပုံပါ။ အချို့က ဘာမှ မလုပ်ဘဲ ပင်လုံကဲ့သို့ ညီလာခံကို စောင့်နေပါ့မယ်။ အချို့ကတော့ အင်အားမွေးနေပါလိမ့်မယ်။ အခြေအနေမကောင်းယင် ဝုန်းဒိုင်းပြန်ကြဲမယ်။ အခြေအနေကောင်းယင် အမတ်လုပ်ချင်လုပ်မယ်။ ဒါပေမယ့် သေချာတာတစ်ခု ရှိတယ်။ သူတို့ဟာ တန်းတူရေးကို တန်းတူရေးမရှိတယ့်လွှတ်တော်မှာ မရနိုင်ဘူးဆိုတာပဲ။ ဒါကို သူတို့ သိကြတယ်။ သိကြပေမယ့်လည်း အဲဒီဆုံမှတ်ရောက်ယင် သူတို့အချင်းချင်းထပ်ကွဲကြပါဦးမယ်။ သူတို့မှာ နိုင်ငံရေးဥသျှောင်တစ်ခု၊ ပြည်ထောင်စုတပ်မတော်တစ်ခု ထူထောင်ဖို့ ဖြစ်နိုင်ခြေမရှိပါ။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် သူတို့က အခရာကျပေမယ့် အစိုးရကို ပြုတ်ကျအောင် တော်လှန်ရေးလုပ်နိုင်သူများမဟုတ်လို့ သူတို့ နည်းနည်းလှုပ်ယင် အစိုးရက နည်းနည်းပစ်ကွေ္ပျးတယ့်စနစ်ကို ဆက်ပြီး ကျင့်သုံးသွားမှာ သေချာပါတယ်။ (ပစ်ကျွေးတယ်ဆိုတော သေနတ်ရော ပါတီ၊ ပုဂ္ဂိုလ်ရေးအခွင့်အရေးပါ ပါဝင်တယ်၊ အမျိုးသားရေးအတွက်မပါ)

၂။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲကို ကျိန်သေနိုင်မယ်လို့ တွက်ထားပုံရတယ်။ အပြတ်အသတ်မနိုင်ခဲ့ယင်လည်း အခြားအတိုက်အခံများနဲ့ ညွန့်ပေါင်းဖွဲ့ဖို့ ကြိုးစားပါလိမ့်မယ်။ ဒီချုပ်အနေနဲ့ ၂၀၁၅ မှာ အစိုးရဖွဲ့နိုင်မယ်လို့ ယူဆကြမှာဖြစ်တယ်။ လောလောဆယ်မှာ ပြည်ပရင်းနှီးမြှုပ်နှံကို အကန့်အသတ်နဲ့ ကြိုဆိုတယ့်သဘောကို ပြသပြီး ယင်းရင်းနှီးမြှုပ်နှံမှုဟာ ဒီမိုကရေစီအပြောင်းအလဲကို အထောက်အကူ ပြုတယ့် ရင်းနှီးမြှုပ်နှံမှု ဖြစ်စေချင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မကြာခဏ ထုတ်ဖော်ပြောဆိုပါတယ်။ ဒါဟာ သိန်းစိန်အစိုးရကို အပြည့်အဝမယုံသလို လာရောက်တယ့် နိုင်ငံသားခြားများကိုလည်း သတိနဲ့ လက်ခံတယ့်သဘော၊ ဒီချုပ်ကို အထောက်အကူ ပြုစေလိုတယ့်သဘောကို တွေ့ရပါတယ်။ ရင်းနှီးမြှုပ်နှံမှုဟာ လူထုကို တိုက်ရိုက်အကျိုးပြုမှပဲ ဒီချုပ်မူဝါဒကို အထောက်အကူပြုရာရောက်မှာမို့ ဒါတွေဟာ ဒီချုပ်အတွက် အင်မတန်အရေးကြီးပါတယ်။

၃။ ပြည်ခိုင်ဖြိုးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လိမ္မာပါးနပ်စွာ ဆက်ဆံနိုင်ပုံပါပဲ။ ၂၀၁၅ ခု ရွေးကောက်ပွဲမှာ တကယ်လို့ သူတို့ရှုံးခဲ့ယင် တိုင်းရင်းသားအဖွဲ့အစည်းများနဲ့ အတိုက်အခံပါတီအချို့နဲ့ ညွန့်ပေါင်းဖွဲ့ဖို့ သူတို့မှာလည်း အကြံရှိပုံရပါတယ်။ ညွန့်ပေါင်းဖွဲ့ဖို့လည်း အမတ်ဦးရေ မလုံလောက်ယင်တော့ အင်အားကောင်းတယ့်အတိုက်အခံပါတီအဖြစ်နဲ့ ရပ်တည်နိုင်ဖို့ သူတို့ ကြိုးစားကြပါလိမ့်မယ်။ စစ်တပ်အမတ်များက ရွေးကောက်ပွဲဝင်စရာမလိုဘဲ ဒုသမ္မတတစ်ဦး အဆိုတင်သွင်းခွင့်ရထားလို့ အစိုးရအဖွဲ့ကိုရော လွှတ်တော်ကိုပါ ကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်။ လက်ရှိရင်းနှီးမြှုပ်နှုံများမှာ ပြည်သူများကို အကျိုးပြုတယ်ထားဦး စာချုပ်ချုပ်ယင် သူတို့ခရိုနီများနဲ့ပဲ ချုပ်ဆိုထားရလို့ ဒီချုပ် လက်လှမ်းမမီတယ့်ကိစ္စတွေ ဖြစ်တယ်။ ရပ်ကွက်ကျေးရွာမှာကအစ ထကြွသောင်းကျန်းဖို့ လူကြမ်းတွေကို ငှားဖို့ သူတို့ခရိုနီတွေမှာ ငွေအရင်းအမြစ် အလုံအလောက် ရှိတယ်။ ဒီချုပ်ရဲ့ပထမသက်တမ်းကို ကောင်းကောင်းဖျက်ဆီးပစ်နိုင်မှာပါ။

ဒီတော့ သိန်းစိန်အနေနဲ့ ဒီချုပ်ကို ဖြုတ်နိုင်ဖို့...

၁။ တရုတ်တွေ ကျေနပ်ဖို့ သူဟာ ဂေါဗာချော့ဗ်မဟုတ်ကြောင်း ပြဖို့ စီမံကိန်းအချို့ကို ပြန်ဖွင့်ပေးရပါ့မယ်။ ဒီမိုကရေစီလမ်းကြောင်းကိုလည်း စည်းကမ်းပြည့်ဝစေမှာပါလို့ ကတိပေးပါလိမ့်မယ်။ သူတို့အစိုးရဟာ အပြင်ပန်းအနေနဲ့ ခပ်ပျော့ပျော့ဖြစ်ပေမယ့် 7Th July လိုမျိုး ကျုပ်တို့ခွင့်မပြုယင် ဘာမှ လုပ်လို့မရသေးဘူးလို့ တရုတ်ကို အသိပေးခဲ့ပါပြီ။ အမှန်တကယ်လည်း သူတို့ခွင့်မပြုယင် ဘာမှ လုပ်လို့မရသေးပါဘူး။

၂။ ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်အပါအဝင် အနောက်နိုင်ငံအစိုးရများဆီက ငွေချူလို့ရအောင်၊ အမှတ်ရအောင်၊ ထောက်ခံမှုရအောင် ရိုဟင်ဂျာများကို ဧည့်နိုင်ငံသားများအဖြစ် လက်ခံဖို့ သေချာသလောက်ပါပဲ။ ရိုဟင်ဂျာအရေးကို အသုံးချပြီး ကမ္ဘာ့အလယ်မှာ အတိုက်အခံများ၊ တိုင်းရင်းသားများ မျက်နှာပျက်အောင် လုပ်ပါလိမ့်မယ်။

၃။ တိုင်းရင်းသားများက တရုတ်ပြည်နယ်တွေအဆင့်လောက် သဘောတူခဲ့ယင် တိုင်းရင်းသားများကို သူတို့အခွင့်အရေး ပေးနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဒါတွေဟာ ပေးဆပ်မှုမရှိဘဲ သူတို့ပေးမှာမဟုတ်။ လွန်ခဲ့တယ့်အနှစ်(၂၀)က တိုင်းရင်းသားများကို အသုံးချပြီး ဒီချုပ်ကို အကြပ်ကိုင်ခဲ့ဖူးပြီ။ လက်ရှိအချိန်မှာ ဒီချုပ်ကို အသုံးချပြီး သူတို့က တိုင်းရင်းသားများနဲ့  ပြည်ပနိုင်ငံများကို မြူဆွယ်နိုင်ခဲ့ပြီ။ နောက်နှစ်အနည်းငယ်မှာ တိုင်းရင်းသားများကိုပဲ ပြန်အသုံးချပြီး လွှတ်တော်ရောက်ဒီချုပ်ကို ဘေးကြပ်နံကြပ်ဖြစ်အောင် လုပ်ဦးမှာပါ။

လက်ရှိအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ကျုံးထဲ သွင်းခဲ့ပြီမို့ သန်းရွှေအတွက်ရော သိန်းစိန်အတွက်ပါ စိတ်အေးရပါပြီ။ တိုင်းပြည်အတွက် အသုံးချခံရယင်လည်း ဝန်မလေးပါလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ဖူးတယ်။ ရွှေမန်း၊ ဌေးဦး၊ သိန်းစိန်တို့ကို အမြင်ကပ်တယ်ရယ်လို့တော့ မဟုတ်ပါ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နားမှာ ရစ်သီရစ်သီနဲ့ ငါးခူပြုံးပြုံးနေပုံတွေကို မြင်ယင် မနည်းတရား နှလုံးသွင်းရပါတယ်။ လွတ်တော်ရောက်ဒေါ်အောင်ဆန်းစုကြည်က ဥပဒေပြင်ရေး၊ ဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး (၃)ရပ်ကို ပညာသားပါပါနဲ့ လိမ္မာပါးနပ်စွာ အကောင်အထည်ဖော်နိုင်ခဲ့တယ်ဆိုယင် ဖြေစရာရှိနိုင်သေးတယ်။ ဒါတွေက ဒီမိုကရေစီအုတ်မြစ်ဖြစ်လို့ အရေးကြီးတယ်။ အဲဒီလိုမဟုတ်ဘဲ ရွှေမန်းသြဝါဒကို နားထောင်ပြီး မပြောပလောက်တယ့် နှာစီးချောင်းဆိုးဥပဒေများနဲ့သာ အလုပ်ရှုပ်ခဲ့သည်ရှိသော် ရင်ကျိုးရပါပြီ။

Thursday, December 16, 2010

History of Syriam (8)

သက္ကရာဇ် ၉၂၈-ခုတွင်၊ ဆင်ဖြူများရှင်လက်ထက်တော်၊ ဓညဝတီရခိုင်သံတွဲမြို့ရွာများက၊ လူသွမ်းလူဆိုး၊ သူခို့ဒါးပြတို့ နိုင်ငံတော်အတွင်း၊ သဘောင်္ဆိပ်၊ ပုသိမ်သံလျှင်မြို့မှစ၍၊ ၉မြို့ ဟသာင်္တကူထွတ် မြို့ရွာများသို့၊ လာရောက်၍၊ အစွန်အနားဆင်းရဲသားကျွန်တော်မျိုးယောင်္ကျားမိန်းမတို့ကို၊ လုယူဘမ်းဆီးနှောင့်ရှက်သောကြောင့်၊ အဆီးအဆို့ အစောင့်အနေ တရုပ်မော်မြို့၊ ဆင်ကောင်ကူထွတ်မြို့၊ ဟသာင်္တမြှု့များက၊ လှေခေါင်းလှေစီး၊ အကြီးအကြပ်၊ လက်ခတ်ကုံးပေါ်၊ လှေစောင့်လှေထိန်းအစုံ၊ ရဲလှေ ၉စင်း ဘွဲ့သက်၍၊ အမတ်ဒေါတေဇကို ရဲလှေမှူးငကြီးကို စာရေးခန့်တော်မူပြီးလျှင်၊ ပုသိမ်မြို့ဆိပ် မိုဃ်းတိမ်ပြင်မှာ ရဲလှေ ၆စင်း၊ သံလျှင်မြို့မှာ ရဲလှေ ၃စင်းစောင့်နေရသည်။ ၎င်းတို့စားရန်ရိက္ခာ၊ စပါး၊ ဆားငါး၊ ငပိမှာ ရေကင်းမြို့၊ ၁၀ရွာများက၊ ဆား ၅၀၀၊ ငပိ ၅၀၀ စီ ပေးသည်။ ၎င်းရိက္ခာထားရန်ကိုလည်း၊ သုံးဆယ်ရွာလူ ၄၀၊ ရေကင်းမြို့ကလူ ၄၀ ခန့်၍၊ ပုသိမ်မြို့မှာ ကျီတော်ဆောက်လုပ်ရသည်။ အုံးဆံ၊ ရေနံ၊ သံ၊ ပျဉ်၊ မာချီများကို ပုသိမ်မြို့က ပေးရသည်။ ရဲလှေတော် ယိုယွင်းပျက်စီးလျှင်လည်း၊ တက်ခပ်လူငယ်သားစောင့်သူတစုတို့က လုပ်ပြင်ရသည်။ နောက်တကျွန်းရခိုင်ပြည်က ကုလားငဇင်္ဂါသည် သံလျှင်မြို့ လာရောက်၍ ကျွန်တော်မျိုး ခံပါမည်၊ သံလျှင်မြို့တွင် သရေတချပ်ရာမြေ သနားတော်မူပါမည့်အကြောင်းနှင့်၊ အနောက်လွန်မင်တြားကြီး ပြည်မြို့မှာ စံနေတော်မူသည်အခိုက်၊ အသနားခံသည်တွင် သနားတော်မူ၍၊ သရေကို သေးစွာ နန်းငင်ပြီးမှ၊ အရှေ့နောက်တောင်မြောက်ကို သရေကြီးတဆန့်စီ တိုင်းထွာပြီးလျှင်၊ သက္ကရာဇ် ၉၇၆ ခုတွင် မြို့တည်၍ များမကြာ ငဇင်္ဂါပုံကံလေသည်။ တောင်ငူမြို့ကို လုပ်ကြံတော်မူပြန်သည်။ နေပြည်တော်သို့ ပြန်ရောက်လျှင်၊ ကလေး မိုးညှင်း၊ ရှမ်းပြည်မြို့ရွာ မငြိမ်မဝပ်ကြောင်းကို ကြားတော်မူ၍၊ သိမ်းရုံးလုပ်ကြံတော်မူပြန်သည်။ အလိုတော်ပြည့်၍၊ သက္ကရာဇ် ၉၈၁ ခုတွင်၊ သံလျှင်မြို့သို့ ချီတော်မူသည်။ လုပ်ကြံ၍ အလိုတော်ပြည့်လျှင်၊ ဘထွေးတော်နတ်ရှင်နောင်နှင့်၊ ကုလားငဇင်္ဂါတို့ကို ကွပ်မျက်တော်မူ၏။ ငဇင်္ဂါးဆွေသားမျိုးသားကိုလည်း၊ တဘရင်းသို့ ပို့ထားလေသည်။ ၎င်းလုပ်ကိုင်ငယ်သားတို့ကို မြေတူးမြို့ရွာမှာ ထားတော်မူသည်။ ငဇင်္ဂါးသမက် ပုတ္တဗညားဒလည်း၊ ဗညားနွယ်လအမျိုး၊ ရွှေပန်းပန်ကွန်သ္မိံစုတို့ကိုလည်း သိမ်းတော်မူ၍၊ အိန္ဒသမန်းကို သွေးသောက်ခန့်တော်မူပြီးလျှင်၊ ရွှေပန်းပန်ဘွဲ့တော်မူသည်။ သက္ကရာဇ် ၉၉၀ ပြည့်တွင်၊ ဟံသာဝတီအနောက်ဘက်၊ တဲနန်းတော်မှာ စံတော်မူသည်တွင်၊ သားတော်မင်းရဲဒိပ္ပ လုပ်ကြံ၍၊ အနိစ္စရောက်တော်မူသည်။

Wednesday, December 15, 2010

မုဟိုတ်ဍုင်မန်ဂွံဍန် ဂကူမန်ဂွံအောန်စှေ်ရော (၂)

ပႛဲသ္ကုတ်(၁)တေံ အဲထ႟းလဝ်ဟိုတ်ပန်သာ် ဟိုတ်ဍုင်မန်ဂွံလီုဂှ်။ အပႛဲကုဪဟိုတ္ပန္သာ္ဂွ္ ဟိုတ္မြဲ အဲမိက္ဂြံဟီုကႜာရ။ ဟိုတ်(၁)ဂှ် ညးဟီုလဝ် ဒါမရိကတ္တကရဏေန မဒှ်ရောင်။ ဒါမရိကတ္တကရဏဟီုဂှ် ဟိုတ်နူကုဪကမႜတ်ဒမႜမတာ ရဲပႜံင်္ဘးစ သူပုန် ရဲဂြိုပ် ရဲမိက္ဂြံသၸသၞိင္တႜ ရဲမိက္ဂြံပႜံင္တသိုင္နန္ထဝ္ ရဲေကာ္ပႜဳပ္သႝအပႛဲဍဳင္ ရဲပံင္ကုဪသႝ ရဲဖံက္သစၥကုဪဂကူ ရဲပၚဂိုဏ္ဂဏ ရဲတီသြက္ဇကုမြဲဓဝ္တုဲ ဍုင်မန် ဇြဟတ်ဍိုန်စှေ်ကႜုင်ရောင်ဂှ် ညးဟီုလဝ်ရ။

ရဲပ်ါကႛိုပ်တံဂှ် မိက်ဂွံဍုဪဍိုက်ဂကူတဲု ပ်ါရောင်အဲဟွံမိက်ဟီုကီုလေဝ် ဂုဏ်နူဇကုပ်ါကႛိုပ်တဲု ဇြဟတ်ဂကူမဍိုန်လျစှေ်ရောင်ဂှ် အဲမိက်ဂွံဟီု။ ဥပၞာတွာ်သ်ာလုဪအဲမမိက်ဟီုရော။ ပႛဲခေတ်လၞုဟ်လေဝ် မန်ကုဪမန် ပၚဂႜံင္ပႜံင္အဝုဪ နွံမံင်ဏီ။ ရဲပ်ါတိတ်နူသၝိ၊ ရဲအာပံင္ကုဪသႝ၊ ရဲသိုင္သၝိတၞိတံဂွ္ နွံမံင်ဗဝ်သအဝ်ရ။ လၞုဟ် မန်အောန်မံင်တှေ် ဗီုအောန် ဇြဟတ်ညးပ်ါတိတ်ဂှ် အောန်မံင်ရ။ ကႜာတေံဂှ် ဍုင်မန်ဂှ်လေဝ် လှဲလး၊ ဂကူမန်ဂှ်လေဝ် ဂႜိုင်ဂႜင်၊ အရေဝ်ဂှ်လေဝ် ဗွဲမဂႜိုင်တုပ်ကီုလေဝ် မွဲဒေသကုဪမွဲဒေသ တေၞင်တၞဟ်အာညးသ္ကံ ဒးနွံဟေင်ရ။ ဟိုတ်ဂှ်ရ မန်ကုဪမန် ပ်ါဒကးညးသ္ကံ ခေတ်ကႜာတေံဂှ် ဇြဟတ်ဟွံဍောတ် ဇြဟတ်ဟွံဍိုန်။

အတိုင်အစာဝင်တံဟီု မန်ဂှ် ပႛဲအရာယေန်သႝာင်လိက်ပတ် ဒှ်အစာညးရ။ ပႛဲအရာပေရင္ဍဳင္ကြာန္ကုဪဓဝ္ညှသာဂကူဂွ္ မြဲေလွ္ဟြံဒွ္အစာညးတႝဟ္မဲြေလွ္ဂးရ။ ပႛဲအရာဗ္တောန်ကုဪသေႝာဝ်ဥပဒေဂှ် ဒှ်အ္စာညးတဲု ပႛဲအရာအုပ်ဓုပ်ဂှ် ဒှ်အ္စာဂှ် လ္ပဟီု၊ ကွးခိုဟ်မွဲဂှ် ဟွံဒှ်ရဂး။ ဒးကီု၊ ဟွံဒးကီု ပိုယ်ညးဟီုပြဟ်ဏီ။ ဗီုညးတႝဟ်ဟီုဂှ် ဒှ်ဟွံဒှ် ဂပ်ဝ်ဒးဗ္စာရဏာရ။

ဟီုဗီုဂှ်တှေ် မန်ခေတ်ကႜာတေံ ပႛဲမလေယှာလေဝ်နွံ၊ ပႛဲဍုင်သေံလၞုဟ်လေဝ်နွံ၊ ပႛဲဍုင်သေံဠၜလေဝ်နွံ၊ ပႛဲဍုင်သဓီုလေဝ်နွံ၊ ပႛဲဍုင်ဗဂေါလေဝ်နွံ၊ ပႛဲဍုင်သေံဇေႝာ်လေဝ်နွံ၊ ပႛဲလ္ပ်ာဍုင်ဗၞာလ္ပ်ာလ္တူတေံလေဝ်နွံ မန်နွံမင်ဂလိုင်ဂလိုင်တံဏံ မုပ ဂွံကျအာပႝာန်ရော။ မုပ ဂကူမေလတံ ဂြံတိုန္ကႜဳင္ႏူ႓ှ ဂြံတိုန္ဒွ္သၞိင္ ပႛဲကအ္ဒုဪေရာ။ မုပ ဂကူခမေရ်တံ ဂွံပလီုပလ်ာထောံဘုတ်ဘာစေတှဍုင်မန်ရော။ မုပဂကူဗၞာတံ ဍုင်လေဝ် ဟွံကေင်နွံမွဲလှေ် ဂွံဇႝးအာဍုင်သဓီုရော။ မုပ ဂကူသေံတံ ဂွံပ္တန်ဍုင်လာန်နာ ပႛဲဍုင်ပိုယ်ရော။

တိဍ်ာခမေရ်တံလေဝ် ဟွံလှဲနူတိဍ်ာမန်၊ တိဍ်ာသေံတံလေဝ် ဟွံဇေႝာ်နူတိဍ်ာမန်၊ တိဍ်ာဗၞာဟီုဂှ် ဟွံမွဲလေဝ် ဟွံမွဲမံင်ရ။ တိဍ်ာမလေတံဂှ်လေဝ် နွံမံင်ပႛ္ဘှဲဏောင်။ ဂကူတံဏံဂှ် မွဲတဲဓဝ် လုပ်ဗ္တိုက်ဍုင်မန်ဟွံသေင်။ မွဲဂကူတဲုမွဲဂကူ လုပ်ပႜံင်တသိုင်ကေတ်ဍုင်မန်ရ။ ဂကူမန်တံသီုဖအိုတ် ယဝ္သညှသာသၞဟ္သၞန္မၢး ဂကူတံဏံ ဗီုလုဪလေဝ် လုပ်သီကေတ်ဍုင်မန် ဟွံဂွံရ။

ဍဳင္သှရိဓမၼ(ဍဳင္ေသံလၞဳဟ္သၠဳတ္သႜဳင္က်ာ)၊ ဍဳင္ဒြါရဝတှ (ဍုင်သေံလၞုဟ်သ္ကုတ်လ္ဒောဝ်)၊ ဍုင်ဟရိဘုဉ္ဇျဲာ (ဍဳင္ေသံလၞဳဟ္သၠဳတ္သၞဝ္က်ာ သီုဍဳင္ေသံဠၜသၠဳတ္သႜဳင္က်ာ)၊ ဍဳင္သုဓမၼ(ဍဳင္သဓီု)၊ ဍဳင္ဟံသာဝတှ (ဍဳင္ဗေဂါ)ဍုင်မသုန်ဍုင်တံဏံဂှ် ပြာကတ်မံင်ပႛဲဝင်ကြုက် TUNSUN ကၞိန်ဍုင်ပံင်ကောံ(၅)ဍုင်ရ။ ဍုင်လုဪဒှ်ရာဇဓနှဂှ် ကေတ်ဟွံဒးရ။ ဆဂး ဍုင်တံဏံ မွဲဍုင်ကုဪမွဲဍုင် မံင်ကႜံင်မွဲစွံကီုလေဝ် လက်ကရၜဏံ ဗီုညးညးမံင်ကေတ်ရောင်ဂှ် ရံင်ကေတ်လိက်တၞံကလျာဏှမ္ဂး ပြာကတ်အာရ။ အခိင်ဂကူမလေ လုပ်ဗ္တိုက်ဍုင်သှရိဓမ္မဂှ် မန်ဍုင်တႝဟ်ဗဪုမံင်ဖိုဟ်၊ အခိင်ခမေရ်လုပ်ဗ္တိုက်ဍုင်လဝေါ (ဒွါရဝတှ)ဂှ် မန်ဟရိဘုဉ္ဇ ဟွံလုပ်ရီု၊ အခိင်ခမေရ်လုပ်ပႜံင်ဍုင်ဗဂေါဂှ် မန်သဓီုဟွံပကာ၊ အခိင်ဗၞာလုပ်သီဍုင်သဓီုဂှ် မန်ဗဂေါတက်တဲကုဪဇြဟတ်၊ အခိင်သေံလုပ်သီဍုင်ဟရိဘုဉ္ဇျဲာဂှ် ဒှ်မံင်အလန်လက္ကရၜအိုတ်တဲု မန်ဍုင်တႝဟ်တံဂှ် ညးမွဲလေဝ် သၞိင္တႜဟြံမြဲ ဒုင်ကေတ်အဂှ်ရ။

ဍုင်မန်မသုန်ဍုင်တံဂှ် ယဝ်သပံင်ညးသ္ကံမွဲစွံမ္ဂး မုဂွံဒးဖေက်ဗၞာတံရော၊ မုဂွံဒးပကာကုဪဂကူမလေတံရော၊ မုဂွံဒးချပ်ပရူသေံတံရော။ ဂကူမန်တံဏံ ကုဪအိန္ဒိယတံလေဝ် သၞိင်အသးတံ ကေင်ဗတိုက်လဝ်ရ။ ကုဪကြုက်တံလေဝ် သၞိင္ဒှဃရာဇာတံ ကေင်ဗ္တိုက်လဝ်ရ။ ကုဪဂကူဍောတ်ဍောတ်တံဏံ မုသ္ဇက်ဂွံဒးဖေက်ဟွံမွဲ။ ဣဏံဂှ် ဟိုတ်နူဇကုကုဪဇကု ဟွံပံင်ညးသ္ကံ ပံင်ညးသ္ကံဟွံဂွံတဲု ဇြဟတ်မ္ဒးပ်ါဒကးအာ နူဍုင်ဇေႝာ်ဇေႝာ်မွဲဂှ် ဒးဍန်စှေ်အာ၊ နူဂကူဇေႝာ်ဇေႝာ်မွဲဂှ် ဒးဒှ်အာဍိက်ဂကူအရိုင်တံဂှ်ရ။

http://www.youtube.com/watch?v=WHAxota5O5c&feature=player_embedded

Monday, December 13, 2010

မုဟိုတ်ဍုင်မန်ဂွံဍန် ဂကူမန်ဂွံအောန်စှေ်ရော (၁)


mostsaing ပႛဲလိက္တၞံကလ်ာဏှ ခ်ဴလဝ္ ႚဝံ ရာမညေဒေသ သာသနပတိ႒ာနေတာ ပ႒ာယ စိရကႏၲံ ဒိဗၺတိ၊ ဂစၧေႏၲ ဂစၧေႏၲ ကာေလ မဟာမ႑လႆာပိ ရာမညေဒသႆ ဝိသုံ ဝိသုံ ဒါမရိကတၲကရေဏန ဘိႏၷတၲာ အဟိဝါတေရာဂပှဠိတတၲာစ ဒုဗၻိကၡပှဠိတတၲာစ ဝရစကၠသံခိတၲာယ သတၲရာဇေသနာယာဘိဘူတတၲာစ ရာမညရ႒ံ ဒုဗၺလံ ဇာတံ။

အတိုင္အၥာတႜပါလိတ ကုဪလဝ္အရထမၢး ႚဝံ-ရၜသာ္ဝြံ၊ ရာမညေဒေသ-ပႛဲရာမညေဒသ၊ သာသနံ-င္သာသနာ၊ သာသနပတိ႒ာနေတာ-ႏူသာသနာမတန္တၜ၊ ပ႒ာယ-ပတံတုဲ၊ စိရကႏၲံ-ဗြဲမလံလ၊ ဝါ-စိရကႏၲံ၊ စိရကာလံ-လုကၜကာလဗြဲမလံလ၊ ဒိဗၺတိ-ပႛံဂုဪလဟုဪယးတၞးစႜးစရာဲတၜရ။ ကာလေ-ပႛဲကာလမလံလ၊ ဂစ္ဆန္တေ ဂစ္ဆန္တေ-အတိက္ကန္တေ-နကြိကလိလောန်အာနေဝ်၊ မဟာမဏ္ဍလဿ-ေဍံမေဇႝာ္လဲွဗြဲဗႝှအဝန္၊ ရာမညေဒသႆအပိ-ဒဒက္တၜကုဪတြဳဪရးဂႜးတိရာမညကီုေလဝ္၊ ဝိသုံဝိသုံ-တႝဟ္တႝဟ္၊ ဒါမရိကတၲကရေဏန-နပြမသၸမိန္ကမႜတ္ဒမႜမပႜံင္႓း (နပြမသၸဒဍဳိက္ဓ႐ိုက္ဂႜံက္ကႜတ္ပႜံင္႓းမႝဳံပၞိက္ကုဪဒဒွ္သၞိင္ေလဝ္သၢးရ)၊ ဘိႏၷတၲာစ-ဟိုတ္ဒဒွ္မလီုလာ္ပၚဒကးကႜဳီဝ္၊ အဟိဝါတေရာဂပိဠိတတၲာစ-ဟိုတ်နူမဍုဪဍိုက်ကေႜံနကုဪယဲသရလ်ာဍာ်ဇွောဝ်ကီုလဝ် (ယဲသရလာ် ညံင္ရၜဂ်ိၿဇဳံဒးအကင္သၞဴဂ်ိတုဲ ညံင္ရၜမတိုန္လဝဵဂွ္ ဃောဂှ်ကီုရ)၊ ဒုဗ္ဘက္ခပိဠိတတ္တာစ-ဟိုတ်နူမဍုဪဍိုက်ကေႜံနကုဪကေႝာဝ်ကေႜာဝ်ဗျုဪကႜီုလဝ်၊ ဝရစက္ကသံခိတ္တာယ-ဍေံမကႛန်ဂြက်ကေႜံသာသနာကျာ်မပြဲ၊ သတ္တရာဇသေနာယ-မိန္ပႝာန္သၞိင္ထပွ္၊ အဘိဘူတတၲာစ-ဟိုတ္ဒဒွ္မဂပ္ဝ္ပႛဳဪပႛဳိက္ေကႜံကီႜဳဝ္၊ ရာမည႒ာနံ-င္ဌာန္တြဳဪရးဂႜးတိရာမည၊ ဒုဗၺလံ-င်မအောန်ကဪုဇြဟတ်၊ ဇာတံ-စိုန်က္တုဪဒှ်ရ။

မှာထေရ်သောဏကေုာံမှာထေရ်ဥတ္တရ(မှာထေရ်သောန်ကုဪမှာထေရ်ဥတ်)တံ ကညပ္တန်ဍုင်သုဝဏ္ဏဘုံ မဒှ်ရးမညတဲု သာသနာတန္တၜကႜဳင္ လုကၜမလံလေရာင္ ခ်ဴလဝ္ရ။ ဗႝှဝန္ဍဳင္ရာမညဂွ္ လှဲလးညိဓဝ်ဟသေင်။ သာသနာကျာ်လေဝ် ဂုဪလဟုဪရာင်ဆဲာညိဓဝ်ဟသေင်။ ဆဂး လံလအာတဲု မန်ကုဪမန် ပႜံင္တိုန္အဝုဪ ပႜံင္ပႚကရာဇ္ ပလီုပလ်ာဍုင်ကွာန် ထိင်ဒက်မင်မွဲညးကံဟွံမာန် ဒှ်ကႜုင်ရ။ ဍုင်ရာမညဂှ် ပ်ါဒကးအာညးသ္ကံရ။ ဗီုပိုယ်ဟီုစရ တိုန်ဒုဪကႜသာ် စှေ်ဍ်ာကျာံကိတ်ဂး အဃောကမႜတ်က္တုဪ ယဲကပ်လေဝ် ဒွ္ပႜန္ရ။ ကပ္ယဲဘဲသၞးဟြံတုဲ ကပ်ကေႝာဝ်ကေႜာဝ်ဗျုဪလေဝ် ဒှ်ကီု။ တဲုပႜန် ပႝာန်သၞိင်ထပှ်ဟွံသေင်ကုဪဗုဒ္ဓဘာသာတံဂှ်လေဝ် လုပ်တၝီဍုင်မန်ပႜန်။ ဍုင်မန်ရာမညဂှ် ဇြဟတ်ဍိုန်လျအာကွေံကွေံရ။

ပရူပရာဏံဂှ် သၞိင္ဓမၼေစတှ ခ်ဴလဝ္ဝင္ကိုပ္ကႜာႏူသၞိင္မႏုဟဝ္မဒွ္ရ။ ကိုပ္ကႜာသၞိင္မႏုဟဝ္ဟြံဂြံတိုန္နန္ဏီ အကဲာအရာပရေင်ဍုင်ကွာန်မန် ဗီုက္တုဪဒှ်မံင်ဂှ် နကုဪဝါကျပါဠိမွဲဝါကျဓဝ်ဟေင် ညးချူခႛန်လဝ်ရ။ ပရူပရာဝွံဂှ် ဒှ်ပရူပရာလောန်ကႜုင်လၝီသႝာံပြင်ကႜုင်တေံတဲု ဂွံကလေင်လၝတ်ဂှ် ဝါတ်ဂါတ်မံင်ညိရ။ ဍုင်မန်ပိုယ်မွဲအခိင်တေံ လှဲလးမံင်ဟီုဂှ် သၞိင္ဓမၼေစတှ ရန္တၞံကုဪဍဳင္မန္ပိ (ဟံသာဝတှမ႑လ၊ ကုသိမမ႑လ၊ မုတၲိမမ႑လ)တုဲ ဟီုဟွံသေင်။ ရံင်ကုဪဍုင်မန်ပိဏံ ဍန်ဂြက်မံင်တဲု ညးဗှ်သႝာတိမန်တြေံမလှဲလးတေံတဲု ညးချူလဝ်ဏောင်။

သၞိင္ဓမၼေစတှ ချူပရူဍုင်မန်ခေတ်သဓီုဂှ် ဒးကလေင်ကပှ်ကေတ်ဝင်အတိက်(၅၀၀)သႝာံရ။ တုပ္ကုဪပိုယ္ဒးလၜဝင္သၞိင္ဓမၼေစတှကီုရ။ လၞဳဟ္သကၠရာဇ္ဍဳင္(၁၃၇၂)သႝာံရ။ လက္ထက္သၞိင္ဓမၼေစတှဂွ္ သက္ကရာဇ်ဍုင် (၈၃၅)တေံရ။ သက္ကရာဇ်ဍုင်(၁၃၇၂)ဂှ် နုက်ထောံကုဪသက္ကရာဇ်ဍုင် (၈၃၅)တှေ် ဂွံ(၅၃၇)သႝာံရ။ နူခေတ်သၞိင်ဓမ္မစေတှဂှ် ကလေင်ရိုဟ်တိုန်အာလက်ထက်သၞိင်မနုဟဝ်တေံပႜန်တှေ် လက်ထက်သၞိင်မနုဟဝ်ဂှ် သက္ကရာဇ်ဍုင်ဗႝတ်(၄၀၀)နုက်ထောံတှေ် ဂွံဗႝတ်(၄၃၅)သႝာံကီု။ ဟိုတ္ဂွ္ရ အေရဝ္ပႛဲလိက္တၞံကလ်ာဏှဂွ္ ဒွ္အေရဝ္သၞိင္ဓမၼေစတှဟီုပ႐ူမန္တမႜာ နူလက်ထက်ညး ရိုဟ်တိုန်အာ (၄၃၅)သႝာံလ္ပ်ာလ္တူတေံဏောင်ဂှ် ကုဪတီကေတ်ညိ။

အခိင်လၞုဟ် တွုဪရးဍုင်မန်ဗၞာကုဪလဝ်ဂှ် (၁၀)ပွိုင်ဍုင်ညိကီု။ တော်ကုဪတိဍ်ာလက်ထက်သၞိင်ဓမ္မစေတှမ္ဂး စှ်ဂဥုံမွဲဂဥုံလေဝ်ဟွံဒှ်။ သၞိင်ဓမ္မစေတှလေဝ် ညးညာတ်တိဍ်ာရးမန်ပိ ညးပိုင်ပြှလဝ်ဂှ်တဲု ညးရံင်တိုန်အာဝင်အတိက်တေံ အဝ် တိဍ်ာမန်တံကလေင်ဂွံဂှ် တော်ကုဪတိဍ်ာမန်ကႜာတေံ လောန်ကႜုင်(၄၀၀)သႝာံပြင်တေံတှေ် ညိဓဝ်ဏောင်သွံ၊ မသုန်ဂဥုံမွဲဂဥုံဓဝ်လေဝ် ဟွံဒှ်သွံ၊ ညးဒးချပ်ဂွံဟေင်ရ။ မုဟိုတ်ရော တိဍ်ာခေတ်သုဝဏ္ဏဘုံဂှ် ဍုင်သေံလၞုဟ်ပါလုပ်ဖအိုတ်၊ ဍုင်မလေယှာ(တိဒုဪ)ဂှ်လေဝ်ပါ၊ ဍုင်သေံဠၜလေဝ် ပါမံင်ကဝက်၊ ဍုင်မန်ဗၞာဏံဂှ် စိုပ္အာဒုဪဗဒဵအင္ဝတံ သီုကုဪတိဍာ္ေသံေဇႝာ္တံင္ဂ်ှတံဏီရ။ ႓ိုတ္ဏံတိဍာ္မန္ေဇႝာ္သႜဲကႜဳင္ဂွ္ စိုပ္လက္ထက္သၞိင္ဓမၼေစတှဂွ္ ေသွ္ဆရးမန္ပိဓဝ္ရ။ ရးမန္ပိလက္ထက္သၞိင္ဓမၼေစတှဂွ္ လၞဳဟ္ဂလိုင္လုဪေသွ္မံင္ဏီေရာ။ နူကျာ်ထောဝ်စိုပ်ရေဝ် ကြေပ်ဂြက်မံင်ဂတးဇကုလေဝ်ဟွံဂွံ။

ႚဂှ်ရ မုဟိုတ်ဍုင်မန်မယျဲတံဏံ ဂွံသှေ်ဍောတ်ဓဝ်ရော။ မုဒှ်ဂွံဒှ်အာဗီုဏံရော။ ဟိုတ်ဍေံ ပိုက်ဒးတီလဝ်ထေက်ဏောင်။ ပိုယ်တီလဝ်မှ မုဗေႜတ်ကႜုင်ဂှ် ပိုယ်ဂွံဆိင်ဆပလေဝ်ပလေတ်ဒးရ။ (၁) ဟိုတ်နူဟွံညှသာ (၂) ဟိုတ်နူကပ်ယဲဒှ် (၃) ဟိုတ်နူကပ်ကေႝာဝ်ဒှ် (၄)ဟိုတ်နူကပ်ပႝာန်ဒှ်တဲု ဍုင်မန်ဒးလေင်ဆောံကႜုင်ဏောင်ဂှ် ဂွံဆုဪကေတ်ရ။ ပေႝာဝ်ဟိုတ်ပန်သ်ာဂှ် ဟိုတ်နူဟွံညှသာဂှ် ညးခ်ဴလဝ္ကႜာအိုတ္ရ။ မန္တံ စြံသတိအိုတ္ညိ။

Saturday, December 19, 2009

मोट सिंग अत्तेंदेद थे सर्विस फॉर ६१स्त उनिवेर्सल डेक्लरतिओन डे

mostsaing
Mot Saing has attended the 61st Universal Declaration Day in the First Presbyterian Church, Fort Wayne, Indiana. The service kicked off at 7:00 PM and touched down at 8:30 PM. Mot Saing was accompanied by Ven Candasara (Kaw Been). Mot Saing delivered a speech focusing on the human rights of ancient time.