Thursday, December 16, 2010
History of Syriam (8)
သက္ကရာဇ် ၉၂၈-ခုတွင်၊ ဆင်ဖြူများရှင်လက်ထက်တော်၊ ဓညဝတီရခိုင်သံတွဲမြို့ရွာများက၊ လူသွမ်းလူဆိုး၊ သူခို့ဒါးပြတို့ နိုင်ငံတော်အတွင်း၊ သဘောင်္ဆိပ်၊ ပုသိမ်သံလျှင်မြို့မှစ၍၊ ၉မြို့ ဟသာင်္တကူထွတ် မြို့ရွာများသို့၊ လာရောက်၍၊ အစွန်အနားဆင်းရဲသားကျွန်တော်မျိုးယောင်္ကျားမိန်းမတို့ကို၊ လုယူဘမ်းဆီးနှောင့်ရှက်သောကြောင့်၊ အဆီးအဆို့ အစောင့်အနေ တရုပ်မော်မြို့၊ ဆင်ကောင်ကူထွတ်မြို့၊ ဟသာင်္တမြှု့များက၊ လှေခေါင်းလှေစီး၊ အကြီးအကြပ်၊ လက်ခတ်ကုံးပေါ်၊ လှေစောင့်လှေထိန်းအစုံ၊ ရဲလှေ ၉စင်း ဘွဲ့သက်၍၊ အမတ်ဒေါတေဇကို ရဲလှေမှူးငကြီးကို စာရေးခန့်တော်မူပြီးလျှင်၊ ပုသိမ်မြို့ဆိပ် မိုဃ်းတိမ်ပြင်မှာ ရဲလှေ ၆စင်း၊ သံလျှင်မြို့မှာ ရဲလှေ ၃စင်းစောင့်နေရသည်။ ၎င်းတို့စားရန်ရိက္ခာ၊ စပါး၊ ဆားငါး၊ ငပိမှာ ရေကင်းမြို့၊ ၁၀ရွာများက၊ ဆား ၅၀၀၊ ငပိ ၅၀၀ စီ ပေးသည်။ ၎င်းရိက္ခာထားရန်ကိုလည်း၊ သုံးဆယ်ရွာလူ ၄၀၊ ရေကင်းမြို့ကလူ ၄၀ ခန့်၍၊ ပုသိမ်မြို့မှာ ကျီတော်ဆောက်လုပ်ရသည်။ အုံးဆံ၊ ရေနံ၊ သံ၊ ပျဉ်၊ မာချီများကို ပုသိမ်မြို့က ပေးရသည်။ ရဲလှေတော် ယိုယွင်းပျက်စီးလျှင်လည်း၊ တက်ခပ်လူငယ်သားစောင့်သူတစုတို့က လုပ်ပြင်ရသည်။ နောက်တကျွန်းရခိုင်ပြည်က ကုလားငဇင်္ဂါသည် သံလျှင်မြို့ လာရောက်၍ ကျွန်တော်မျိုး ခံပါမည်၊ သံလျှင်မြို့တွင် သရေတချပ်ရာမြေ သနားတော်မူပါမည့်အကြောင်းနှင့်၊ အနောက်လွန်မင်တြားကြီး ပြည်မြို့မှာ စံနေတော်မူသည်အခိုက်၊ အသနားခံသည်တွင် သနားတော်မူ၍၊ သရေကို သေးစွာ နန်းငင်ပြီးမှ၊ အရှေ့နောက်တောင်မြောက်ကို သရေကြီးတဆန့်စီ တိုင်းထွာပြီးလျှင်၊ သက္ကရာဇ် ၉၇၆ ခုတွင် မြို့တည်၍ များမကြာ ငဇင်္ဂါပုံကံလေသည်။ တောင်ငူမြို့ကို လုပ်ကြံတော်မူပြန်သည်။ နေပြည်တော်သို့ ပြန်ရောက်လျှင်၊ ကလေး မိုးညှင်း၊ ရှမ်းပြည်မြို့ရွာ မငြိမ်မဝပ်ကြောင်းကို ကြားတော်မူ၍၊ သိမ်းရုံးလုပ်ကြံတော်မူပြန်သည်။ အလိုတော်ပြည့်၍၊ သက္ကရာဇ် ၉၈၁ ခုတွင်၊ သံလျှင်မြို့သို့ ချီတော်မူသည်။ လုပ်ကြံ၍ အလိုတော်ပြည့်လျှင်၊ ဘထွေးတော်နတ်ရှင်နောင်နှင့်၊ ကုလားငဇင်္ဂါတို့ကို ကွပ်မျက်တော်မူ၏။ ငဇင်္ဂါးဆွေသားမျိုးသားကိုလည်း၊ တဘရင်းသို့ ပို့ထားလေသည်။ ၎င်းလုပ်ကိုင်ငယ်သားတို့ကို မြေတူးမြို့ရွာမှာ ထားတော်မူသည်။ ငဇင်္ဂါးသမက် ပုတ္တဗညားဒလည်း၊ ဗညားနွယ်လအမျိုး၊ ရွှေပန်းပန်ကွန်သ္မိံစုတို့ကိုလည်း သိမ်းတော်မူ၍၊ အိန္ဒသမန်းကို သွေးသောက်ခန့်တော်မူပြီးလျှင်၊ ရွှေပန်းပန်ဘွဲ့တော်မူသည်။ သက္ကရာဇ် ၉၉၀ ပြည့်တွင်၊ ဟံသာဝတီအနောက်ဘက်၊ တဲနန်းတော်မှာ စံတော်မူသည်တွင်၊ သားတော်မင်းရဲဒိပ္ပ လုပ်ကြံ၍၊ အနိစ္စရောက်တော်မူသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment