Friday, January 23, 2009

အာဏာရှင်တို့ရဲ့သရုပ်သကန်(၁၀)

...လူမိုက်အုပ်စု
လူမိုက်များတဲ့နေရာမှာ လူမိုက်ပဲ ခေါင်းဆောင်ဖြစ်မယ်။ လူလိမ်မာများတဲ့နေရာမှာ လူလိမ်မာပဲ ခေါင်းဆောင်ဖြစ်မယ်။ အသင်းအဖွဲ့တစ်ခုခုကိုပဲ ကြည့်ကြည့်၊ အစိုးရတစ်ခုခုကိုပဲ ကြည့်ကြည့် အဲဒီအသင်းအဖွဲ့၊ အဲဒီအစိုးရ ဘာအဆင့်လဲ ခေါင်းဆောင်ကို ကြည့်ရုံနဲ့ သိနိုင်တယ်။ အမှန်မတော့ အာဏာရှင်တို့အသိုင်းအ၀ိုင်းမှာ ခေါင်ဆောင်ဆိုတာ မရှိဘူး။ ခေါင်းရှောင်တွေပဲ ရှိပါတယ်။ စွန့်စားရမယ့်ကိစ္စတွေမှာ သူတို့က ရှေ့တန်းကို သိပ်မထွက်ဘူး။ သူ့လူတွေကို တက်ခိုင်းတယ်။ နာမည်ပျက်ရမယ့်နေရာမှာလည်း သူတို့က ပါးပါးနပ်နပ်နဲ့ တိမ်းတတ်ယိမ်းတတ်တယ်။
ကောသလမင်းကြီးအိပ်မက်အတိုင်းပါပဲ။ ဘုရားသားတော်တွေလည်း အသံကလေးစာစာနဲ့ တရားတော်ကို ရောင်းစားကုန်ပြီ။ လူမိုက်တွေပဲ နေရာရပြီး ပညာရှိတွေ တောထဲလစ်ရပြီ။ လူကြီးတွေရဲ့လုပ်အားကို ပြက်ရယ်ပြုပြီး လူငယ်တွေ စော်ကားကုန်ပြီ။ ဒါ အာဏာရှင်တို့အကြိုက် ခေတ်လူမိုက်။

No comments: