Tuesday, January 20, 2009

အာဏာရှင်တို့ရဲ့သရုပ်သကန်(1)

...(၁)အာဏာရှင်တွေဆိုတာ

တို့လို လူတွေပဲ။ ချိုထွက်နေတာ မဟုတ်ဘူး။ နည်းနည်းကွာတာက သူတို့က သတ္တိနည်းနည်းပိုကြောင်တယ်။ တိရစ္ဆာန်တွေကိုပဲကြည့်။ သူတို့က ဆာလို့ အန္တရာယ်ပေးတယ်။ စိတ်တိုလို့ အန္တရာယ်ပေးတယ်။ နောက်ပြီး ကြောင်လို့ အန္တရာယ်ပေးတယ်။ တောထဲ အသံပေးလျှောက်သွားယင် သားရဲတိရစ္ဆာန်တွေနဲ့ တိုးခဲတယ်။ သူတို့က လူသံကြားလို့ အချိန်မီတိမ်းရှောင်နိုင်လို့ပေါ့။

အာဏာရှင်တွေက သတ္တိကောင်းလို့ ဖြစ်လာတာမဟုတ်ဘူး။ သတ္တိကြောင်လို့။ သူတို့က တိရစ္ဆာန်တွေထက် ပိုညစ်ပတ်တာက သူတို့သတ္တိကြောင်တာကို လူသိရှင်ကြား ၀န်မခံရဲကြဘူး။ အမြီးမရှိလို့ ဖုံးကွယ်လို့ရတယ်။ ဒါဆို အာဏာရှင်တွေဆိုတာ လူနဲ့တိရစ္ဆာန်ကြားမှာ အဆင့်ရှိတယ်။ လူစဉ်မမီ တိရစ္ဆာန်စဉ်မမီ ဘ၀မျိုးပေါ့။


No comments: