...အာဏာရှင်နဲ့အရင်းအမြစ်
မြန်မာပြည်က ဦးနှောက်ယိုစီးမှုတွေ ရှိနေတယ်။ လူတော်တွေ ပြည်ပရောက်ကုန်ကြတယ်။ ရေနံ၊ သဘာဝဓာတ်ငွေ့တွေကို ဈေးချိုချိုနဲ့ တရုတ်၊ ထိုင်း၊ အိန္ဒိယတို့ကို ရောင်းချတာထက် နစ်နာတယ်။ ဒါပေမယ့် သူ့ထိုင်ခုံမြဲယင် ပြီးရောလို့ သဘောထားတဲ့စစ်အစိုးရကတော့ မမှုပါဘူး။ အာဏာအတွက်ဆိုယင် သားကောင်ချနင်းရမလား ချမယ်။
သန်းရွှေဆိုတာ ပညာမတတ်တဲ့လူပါ။ စစ်တိုက်တော်တဲ့လူလည်း မဟုတ်ဘူး။ တော်တဲ့လူတွေ သေကုန်ပြီ။ ထောင်ထဲရောက်ကုန်ပြီ။ ဇာဂနာပြောသလို ခေါင်းရှိတဲ့လူတွေ နိုင်ငံခြားထွက်ကုန်ပြီ။ ခေါင်းမပါတဲ့လူတွေပဲ ပြည်တွင်းမှာ ကျန်နေတယ်လို့ ပြက်လုံးထုတ်ပါတယ်။
ဒီထက် ပိုဆိုးတာက တက္ကသိုလ်ပါမောက္ခတွေကို ကင်းစောင့်ခိုင်းတာပါပဲ။ အချို့ နိုင်ငံခြားပြန်ပါမောက္ခဆရာကြီးတွေ ဘတ်စ်ကားတိုးစီးရတုန်း။ ဒီလိုငတ်ပြတ်နေတဲ့ဆရာဆရာမတွေက အမိတိုင်းပြည်စည်ပင်သာယာဝပြောနေပါကြောင်း အာဏာရှင်တွေအတွက် အသံကောင်းဟစ်ပေးရသေးတယ်။ လူသားအရင်းအမြစ် အသုံးချပုံက မှားနေတယ်။ ပညာရေးဟာ နိုင်ငံ့ဖွံ့ဖြိုးရေးအတွက် ရေသောက်မြစ်ဖြစ်ကြောင်း စာမတတ်သူဗိုလ်ချုပ်ကြီးတွေက နားလည်ဟန်မတူပါ။
ဆရာတော်တစ်ပါးမိန့်တာ ကြားဖူးတယ်။ ၀ိဝေကာရာမ၀င်းကဆရာတော်ဘုရားက ရတနာကို အဖိုးတန်မှန်းသိတဲ့ထိုင်းဘုရင်နဲ့တွေ့မို့လို့သာပေါ့ ထင်ပေါ်ကျော်ကြားလာတာ။ နံ့သာတုံးဟာ ပန်းပုဆရာနဲ့တွေ့မှ ဘုရားရုပ်တုဖြစ်မယ်၊ တံငါသည်နဲ့သွားတိုးယင် စဉ်းနှီးတုံး ဖြစ်ရုံမှတစ်ပါး အခြားမရှိဘူး။ အာဏာရှင်လက်အောက်မှာ အရာအားလုံးဟာ စဉ်းနှီးတုံးတွေပါပဲ။ သက်မဲ့တွေကိုပဲ ဖြုန်းတာမဟုတ်ဘူး၊ သက်ရှိတွေကိုလည်း တုံးအောင် လုပ်တယ်။
No comments:
Post a Comment