Friday, January 23, 2009

အာဏာရှင်တို့ရဲ့သရုပ်သကန်(၁၂)

...တစ်ဖက်သတ်ဝါဒ
အာဏာရှင်တို့ရဲ့သရုပ်သကန်တွေထဲမှာတစ်ဖက်သတ်ဝါဒကို စွဲကိုင်ခြင်းပါ။ သူတို့က မရှိတဲ့ရန်သူကို (ရှိယင် သူလည်း ကြောက်နေလို့ပါ) လက်ညှိုးထိုးလေ့ ရှိတယ်။ ဥပမာ…မြန်မာစစ်အစိုးရက လက်ရှိအချိန်မှာ ဗြိတိသျှတို့က မြန်မာပြည်ကို ဘာမှလုပ်လို့မရမှန်းသိကြပါတယ်။ ဒါပေမယ့် ဗြိတိသျှအစိုးရကို လက်ညှိုးငေါက်ငေါက်ထိုးပြီး သူတို့မရှိယင် သူ့ကျွန်ဘ၀ပြန်ရောက်သွားမယ် ဒီလိုဝါဒဖြန့်လေ့ ရှိတယ်။ ဗန္ဓုလလိုမျိုး အင်္ဂလိပ်ကို သွားတိုက်ယင် ကျွန်ပြန်ဖြစ်မှာပါပဲ။ ငါ ဗန္ဓုလတဲ့ဟေ့ ဟစ်အော်နေတဲ့ ဗမာ့စစ်သေနာပတိချုပ်ကို ထိုဝင်းလက်လက်နှင့်သူသည် ဗန္ဓုလတည်းဟု စကားပြန်ပြောလို့မှမဆုံးခင် မဟာဗန္ဓုလ အင်္ဂလိပ်အမြောက်ထိလို့ ဓနုဖြူမှာ ကျသွားရပါပြီ။ ဒါဟာ မျက်ကန်းမျိုးချစ်စိတ်ပဲ။
ထိုင်းနဲ့မွန်တို့မှာလည်း အချို့သတ္တိကြောင်တဲ့ခေါင်းဆောင်တွေက ဗမာတွေကို တကယ်ရွံ့ကြောက်ကြတယ်။ သူတို့က ဗမာတွေနဲ့ ရင်မဆိုင်ရဲကြဘူး။ ဒါပေမယ့် သူတို့သူရဲဘောကြောင်တာကို ဖုံးကွယ်ဖို့ ဗမာမုန်းတီးရေးဝါဒကို အစဖော်ကြတယ်။ ဗမာတွေနဲ့ တစ်ခါမှ အတူမနေဖူးဘဲ၊ ဗမာတွေနဲ့ တစ်ပွဲတစ်လမ်းမှ အကဲမစမ်းရသေးဘဲ သူတို့က သူရဲကောင်း ဖြစ်နေပြီ။ အဲဒီလို အရေးကြုံယင် သက်လုံမကောင်းတဲ့ ခေါင်းဆောင်အတုတွေကြောင့်ပဲ ထိုင်းနဲ့မွန်တွေဟာ ဗမာတွေကို အရှုံးကြီး ရှုံးခဲ့ဖူးပါပြီ။
သူမပါယင်မပြီးသမားတွေ သတိထားကြပေတော့။ အဆံမပါယင် သင်္ကြန်အမြောက်ပါပဲ။ ကိုယ်အုပ်စုမှာတော့ ဗိုလ်ပေါ့။ ပွဲလယ်လည်း ရောက်ရော ၀က်ဝက်ကွဲ မဖြစ်စေနဲ့ အာဏာရှင်ပေါက်စတို့ရေ…။

No comments: