Friday, January 23, 2009

အာဏာရှင်တို့ရဲ့သရုပ်သကန်(၈)

...အာဏာရှင်နဲ့အမြင်
မျိုးချစ်စိတ်ဓာတ်ရှိတဲ့လူတိုင်း၊ ဒီမိုကရေစီအနှစ်သာရကို နားလည်သူတိုင်း၊ နိုင်ငံရေးအခြေခံသဘောတရားတွေကို နားလည်သူတိုင်း ထူးခြားတဲ့အမြင်တွေကို ကြိုဆိုကြပါတယ်။ အမြင်မတူသူများ၊ သမာသမတ်ကျသူများ အဖွဲ့ကနေ ထွက်သွားယင် အထီးကျန်သလိုမျိုး ခံစားရတတ်ပါတယ်။ နှမြောတသကြတယ်။ အာဏာရှင်တွေအတွက်တော့ သူ့အတွက် လမ်းကြောင်းရှင်းသွားပြီလို့ပဲ ယူဆပါတယ်။ သူက အမြင်မတူသူတန်ဖိုးကို နားလည်ဟန်မတူပါ။
စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုတာ ဒီမိုကရေစီသမားတို့အတွက် အသက်သွေးကြောဖြစ်ရုံမျှမက တိုင်းပြည်တစ်ပြည်အတွက် စတုတ္ထမဏ္ဍိုင်လို့လည်း ဆိုကြပါတယ်။ လူတစ်ယောက်ရဲ့အတွင်းခံစားချက်အမှန်ကို လူမျိုးကောင်းစားရေးတံဆိပ်နဲ့ အသေပိတ်ထားယင် မပွင့်လင်းမှုကနေ ပေါက်ကွဲတတ်တယ်။ အာဏာရှင်တွေကတော့ ပေါက်ကွဲမှုကို အာဏာတည်မြဲရေးအတွက် အသုံးချပြန်တယ်။ နအဖကဲ့သို့ တစ်ရောင်ထဲခြယ်လိုသူများအတွက် လောကရဲ့အလှတရားဆိုတာ မရှိတော့ပါဘူး။

No comments: