Friday, January 23, 2009

အာဏာရှင်တို့ရဲ့သရုပ်သကန်(၃)

...အာဏာရှင်တွေနဲ့ပညာတတ်တွေ
အာဏာရှင်တွေ အကြောက်ဆုံးမှာ ပညာတတ်တွေပဲ။ ပညာတတ်တွေ များလာယင် သူ မှိုင်းတိုက်လို့မရတော့ဘူး။ ဒါကြောင့် ပညာရေးကိုနှိမ့်ချထားလေ့ရှိတယ်။ မိမိအာဏာကို တည်ဆောက်ရာမှာ ပညာရေးကိုတောင် အလွတ်မပေးဘူး။ မှိုင်းတိုက်တယ်။ ဥပမာ…ပညာရေးတက္ကသိုလ်တွေအတွက် ပံ့ပိုးမှုမလုပ်ဘဲ အာဏာရှင်လက်အောက်တိုက်ရိုက်ရောက်နေတဲ့ စစ်တက္ကသိုလ်တို့လိုဟာမျိုး အားပေးတယ်။ သာမန်တက္ကသိုလ်မှာ အဆင့်မရှိတော့ လူတွေကလည်း စစ်တက္ကသိုလ်ကိုပဲ သားသမီးတွေပို့ကြတယ်။ နေရာတိုင်းမှာ စစ်ဘင်ခရာတွေကိုပဲ ကြားရအောင် ဖန်တီးထားတယ်။
အာဏာရှင်တွေက နိုင်ငံကာကွယ်ရေးကို အသားပေးပြောလေ့ရှိတယ်။
မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးအကြောင်းတွေ လက်သီးလက်မောင်းတန်းပြီး ပြောလေ့ရှိတယ်။ အမှန်မှာတော့ နိုင်ငံကာကွယ်ရေးထက် အဖွဲ့အစည်းကာကွယ်ရေး၊ အဖွဲ့အစည်းကာကွယ်ရေးထက် ကိုယ်ကျိုးစီးပွားကာကွယ်ရေးကို ဦးစားပေးတတ်တယ်။ အာဏာရှင်တွေက အခုနမှိုင်းမိအင်အားနဲ့ ပညာတတ်တွေကို စိန်ခေါ်လေ့ရှိတယ်။ အလုပ်လုပ်ရာမှာ အဲဒီအလုပ်နဲ့ပတ်သက်တဲ့အချက်အလက်တွေ ရှိတယ်။ ဒီအချက်အလက်တွေကို လူတိုင်း သိသင့်တယ်။ ဒီအချက်အလက်တွေကို အာဏာရှင်တွေက သူနဲ့သူစိတ်ချလို့ရတဲ့လူအနည်းအကျဉ်းကိုပဲ သိခွင့်ပြုတယ်။ သူ့နောက်လိုက်တွေကိုလည်း သိခွင့်မပြုဘူး။ ပညာတတ်တွေလည်း ဒီကိစ္စကို စိတ်မ၀င်စားတတ်ကြဘူး။ သူတို့က သူတို့ဘာသာရပ်နယ်ပယ်ကိုပဲ ဖိပြီး လုပ်နေတတ်တယ်။

No comments: