Tuesday, January 29, 2008

အတွေးအိပ်မက်

စိတ်ကူးခြေရာ တိမ်အာကာထက်
လွှင့်ပျံ့တက်နေ အိပ်မက်တွေမှာ
ထာဝစဉ်မွေးမြဲ ကမ္ဘာဦးကတည်း
ဝေကာပွင့်လန်း မျိုးချစ်ပန်းများ
စိတ်ကူးကြိုးသီ ဟံသာဝတီ ......

မျှော်လင့်ချက်တွေ ရင်ထဲဖြည့်စွက်
ခြေမိလေရာ ကမ္ဘာတ၀ှမ်း
စိတ်လေပွေရူး ရည်စူးတပ်မက်
အသည်းထက်ဝယ် ဝေ့၀ဲလွင့်သီ
ပုံဖော်လို့မှီ ရာမညတိုင်းပြည် .....

အော် ....
ငါမောင်းနှင်တဲ့ မျိုးချစ်ရထား
မျှော်လင့်ကုန်စည် အပြည့်တင်ထား
ဥရောပကိုကျော် ဖစိဖိတ်ကိုဖြတ်
စိတ်ဓာတ်မကျဘူးဟေ့ .....

တနေ့တလှမ်း ပုဂံဘယ်ပြေး
ဂိတ်ဆုံးဘူတာ အရောက်မှန်းလို့ဆီ
ဟသာင်္တိုင်းပြည် မွန်ဌာနီ .......။

မိရင်ငွေ
ခေတ္တ USA


No comments: