ခြင်္သေ့အမောက်ရှိရာ၊ ဒေးဝန်းတံခါး။ ခြင်္သေ့နားရှိရာ၊ မြင်တင်တံခါး။ ခြင်္သေ့လည်ချောင်းရှိရာ၊ ဆင်ထွတ်တံခါး။ ခြသေ့င်္လည်ဆစ်ရှိရာ၊ ဒလကုံးတံခါး။ ခြသေ့င်္လက်ရှိရာ၊ ဇင်ပြွန်းကုံးတံခါး။ ခြသေ့င်္ချက်ရှိရာ၊ လက်ဝဲဘယတံခါး။ ခြင်္သေ့အမောက်ကကို၊ လည်ဆစ်ရောက်ထပ်လောင်းတည်သည်။ မြို့မှာ မြောက်ကို မိတ်သာတံခါး။ အရှေ့မြောက်ကို၊ ပင်လယ်တပ်တံခါး။ အရှေ့၊ ရှမ်းတံခါး။ တောင်ကို ၀က်သားတံခါးဟူ၍ ခေါ်ဝေါ်သမုတ်သည်။ ပါဒမြို့ကို၊ အရိန္ဒရာဇာမင်း ပြုသည်ကာလ။ ငသံလျှင်မင်း လုပ်ကြံ၍၊ အရိန္ဒရာဇာကို အောင်မြင်လျှင်၊ ပါဒမြို့တွက်ရှိသည့်ဗိုလ်လူအပေါင်းတို့ကို သိမ်းရုံး၍၊ ဥတ္တရင်္ဂကုံးမြောက်၊ သီဟဒီပကျွန်းတွင်၊ မြို့နန်းတည်ထောင်ပြုစုသည်။ ငသံလျှင်မှစ၍၊ ဘောဂသေနမင်းတိုင်အောင်၊ သံလျှင်မြို့၊ ပါဒမြို့ ၂ရပ်တွင်၊ မင်းပေါင်း ၃၆ဆက် စိုးအုပ်သည်။ ပါးမြို့တွင်၊ အဆက်ဇေယသေညမင်း။ အဆုံးကား ဘောဂသေညမင်းတည်း။ ထိုမင်းလက်ထက် သထုံးမြို့တွင်၊ ဂျွန်းစစ်သည်တို့ ရှစ်မျက်နှာဝန်းရံရှိသည်အခိုက်၊ သမိုင်းစကားကျွန်းမှာ၊ ၀ံဘိုငှက်ဥတွင် ပေါက်ဖွါးသည့်သူငယ်တောသားကလေး ဆက်ရာတွင်၊ သထုံးမင်း ရ၍၊ ထိုလေးနှင့် ဂျွန်းစစ်သည်တို့ကို အောင်မြင်သည်။ တောသားငယ်လေးရှင် ကျေးဇူးကြီးပေသည်ဟု၊ သထုံမင်းက သ္မီးတော်သုဝဏ္ဏဒေ၀ီကို၊ အမတ်ကြီးတယောက်နှင့် အချွေအရံအစုံ၊ သဘောင်္ ၇စင်း၊ ရဲမက်လက်နက်ကိုအများ ပေးအပ်၍ ထိမ်းမြားစိမ့်မည် ပို့စေသည်။ သမိုင်းစကားကျွန်းသို့ ရောက်လျှင်၊ တောသားလည်း သထုံမင်းသ္မီးအရှိန်ကို မခံဝံ့၍ ထွက်ပြေးလေသည်နှင့်၊ အမိအဘအသိုက်ဖြစ်သော ကညင်ပင်ဖျားသို့ တက်လေသည်တွင်၊ ကညင်ပင်ထက်က ကျ၍ အနိစ္စရောက်လေသည်ကို၊ သထုံမင်းသ္မီးသုဝဏ္ဏဒေ၀ီ သင်္ဂြှိုဟ်ပြီးလျှင်၊ မယ်တော်ခမဉ်းတော်ကထိမ်းများသည့် လင်သင်္ချိုင်းအရပ်မှာ မြို့တည်စေတော့မည်။ မယ်တော်ခမည်းတော်အထံသို့ မပြန်ပြီဆို၍၊ ကြခတ်ဝါး ၇ထပ်စိုက်ပြီး၍ နေလေသည်။ ဤအကြောင်းကို၊ သံလျှင်ဘောဂသေနမင်းကြီး ကြားလျှင် တိုက်လာ၍၊ သုဝဏ္ဏဒေ၀ီကို ရသည်နှင့် မိဖုရားအရာ မြှောက်သည်တွင်၊ ပဋိသန္ဓေရှိ၍ နေ့လစေ့သည်ကာလ မီးမဖွားနိုင်သောကြောင့် အနိစ္စရောက်သည်။ သင်္ဂြှိုဟ်သည်ကာလ၊ ဘုန်းပါရမီရှိသူ ဖြစ်၍၊ အမိဝမ်းတွင်းက မီးမလောင်းခင်၊ စင်လွင့်ထွက်လာသည်။ သူငယ်မင်းသ္မီးကို၊ တရိရင်္ဂမြို့အနောက်ကုံးတခုတွင် တပင်တိုင်နန်းနှင့်၊ ၀င်း ၇ထပ်၊ အမတ်ကြီး ၂ယောက်၊ ရဲမက်ဗိုလ်ပါ၊ ကိုယ်ရံအများနှင့် စောင့်နေလေသည်။ ထိုသူငယ်မင်းသ္မီးကို၊ မွေ့နွမ်းဟူ၍ ခမည်းတော်က အမည်သမုတ်သည်။ ထိုကုံးကိုလည်း ယခုတိုင် ရှင်မွေ့နွမ်းကုံးဟူ၍ တွင်သည်၊ ယင်းနေ့မှ စ၍၊ ပဋိသန္ဓေနှင့် သေလွန်သည်မိန်းမတို့ကို၊ အမိဝမ်းက သူငယ်ကို နှုတ်ယူပြီးမှ သင်္ဂြှိုဟ်စေ ပြဋ္ဌာန်းသောကြောင့်၊ ယခုတိုင် ကိုယ်ဝန်နှင့် သေလွန်သူမိန်းမတို့ကို၊ ၀မ်းကို ခွ္ဂဲ၍ သူငယ်ကို ထုတ်ပြီးမှ သင်္ဂြှိုဟ်သည်။ ဒလမြို့လည်း သံလျှင်မြို့ကျေး ဖြစ်သည်။သံလျှင်မြို့တွင် ရှင်မွေ့နွမ်းခမည်းတော်လက်ထက်၊ မင်းဆက်ကုံသည်နှင့်၊ ဟံသာဝတီက မြို့စောင့်မြို့နေသား ခန့်ထား၍ စောင့်နေစေသည်။
Thursday, January 10, 2008
History of Syriam (7)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment