Wednesday, June 11, 2008

History of Syriam (8)

သက္ကရာဇ် ၉၂၈ ခုတွင် ဆင်ဖြူများရှင်လက်ထက်တော်၊ ဓည၀တီရခိုင်သံတွဲမြို့ရွာများက၊ လူသွမ်းလူဆိုး၊ သူခိုးဒါးပြတို့နိုင်ငံတော်အတွင်း၊ သဘောင်္ဆိပ်၊ ပုသိမ်သံလျှင်မြို့မှစ၍၊ ၉မြို့ ဟသာင်္တကူးထွတ်မြို့ရွာများသို့ လာရောက်၍၊ အစွန်အနားဆင်းရဲသားကျွန်တော်မျိုးယောကျာ်းမိန်းမတို့ကို၊ လုယူဘမ်းဆီးနှောင့်ရှက်သောကြောင့်၊ အဆီးအဆို့အစောင့်အနေတရုပ်မော်မြို့၊ ဆင်ကောင်ကူထွတ်မြို့၊ ဟသာင်္တမြို့များက၊ လှေခေါင်းလှေစီး၊ အကြီးအကြပ်၊ လက်ခတ်ကုံးပေါ်၊ လှေစောင့်လှေထိန်းအစုံ၊ မဲလှေ ၉ စင်းဘွဲ့ဘက်၍၊ အမတ်ဒေါတေဇကို ရဲလှေမှုးငကြီးကို စာရေးခန့်တော်မူပြီးလျှင်၊ ပုသိမ်မြို့ဆိပ်မိုဃ်းတိမ်ပြင်မှာ ရဲလှေ ၆စင်း၊ သံလျှင်မြို့မှာ ရဲလှေ ၃စင်း စောင့်နေရသည်။ ၎င်းတို့စားရန်ရိက္ခာ၊ စပါး၊ ဆားငါး၊ ငပိမှာ ရေကင်းမြို့၊ ၁၀ ရွာများက၊ ဆား ၅၀၀၊ ငပိ ၅၀၀ စီပေးသည်၊ ၎င်းရိက္ခာထားမန်ကိုလည်း၊ သုံးဆယ်ရွာလူ ၄၀၊ ရေကင်းမြို့က လူ ၄၀ ခန့်၍၊ ပုသိမ်မြို့မှာ ကျှတော်ဆောက်လုပ်ရသည်။ အုံးဆံ၊ ရေနံ၊ သံ၊ ပျဉ်၊ မာချီများကို ပုသိမ်မြို့ ပေးရသည်။ ရဲလှေတော်ပိုပွင်းပျက်စီးလျှင်လည်း၊ တက်ခပ်လူ ငယ်သားစောင့်သူ တစုတို့က လုပ်ပြင်ရသည်။ နောက်တကျွန်း ရခိုင်ပြည်က ကုလားငဇင်္ဂါသည် သံလျှင်မြို့လာရောက်၍ ကျွန်တော်မျိုး ခံပါမည်၊ သံလျှင်မြို့တွင် သရေတချပ်ရာမြေ သနားတော်မူပါမည်အကြောင်းနှင့်၊ နောက်လွန်မင်းတရားကြီး ပြည်မြို့မှာ စံတော်မူသည်အခိုက်၊ အသနားခံသည်တွင် သနားတော်မူ၍၊ သရေကို သေးစွာနန်းင်းပြီးမှ၊ အရှေ့ အနောက် တောင်မြောက်ကို သရေကြီး တဆန့်စီ တိုင်းထွာပြီးလျှင်၊ သက္ကရာဇ် ၉၇၆ ခုတွင် မြို့တည်၍ များမကြာ ငဇင်္ဂါပုံကံလေသည်။ တောင်ငူမြို့ကို လုပ်ကြံတော်မူပြန်သည်။ နေပြည်တော်သို့ ပြန်ရောက်လျှင်၊ ကလေးမိုးညှင်း၊ ရှမ်းပြည်မြို့ရွာမညိမ်မ၀ပ်ကြောင်းကို ကြားတော်မူ၍၊ သိမ်းရုံးလုပ်ကြံတော်မူပြန်သည်။ အလိုတော်ပြည့်၍၊ သက္ကရာဇ် ၉၈၁ ခုတွင်၊ သံလျှင်မြို့သို့ ချီတော်မူသည်။ လုပ်ကြံ၍ အလိုတော်ပြည့်လျှင်၊ ဘထွေးတော်နတ်ရှင်နောင်နှင့်၊ ကုလားငဇင်္ဂါတို့ကို ကွပ်မျက်တော်မူ၏။

No comments: