Friday, January 23, 2009

အာဏာရှင်တို့ရဲ့သရုပ်သကန်(၄)

...အာဏာရှင်တွေနဲ့ထင်ပေါ်သူတွေ
အာဏာရှင်တွေက ထင်ပေါ်တဲ့လူတွေကို တိုက်ခိုက်ဖို့ အမြဲချောင်းနေလေ့ရှိတယ်။ သူတို့တိုက်ခိုက်တဲ့အခါ ညစ်ပတ်တဲ့နည်းကို သုံးလေ့ရှိတယ်။ ပထမဆုံးကောလာဟလသတင်းကို လွှင့်မယ်၊ မဟုတ်မမှန်လုပ်ကြံသတင်းတွေကို ဖြန့်မယ်၊ လူတွေက အသိညာဏ်နည်းတော့ အုတ်အုတ်ကျက်ကျက် ဖြစ်လာမယ်၊ ဒီအချိန်မှာ သူ့လူတွေကို ပုတ်ခတ်ခိုင်းမယ်။ သူ့အာဏာစက်အောက်မ၀င်တဲ့လူ နလံသိပ်မထူနိုင်တော့ဘူးလို့တွက်ယင် သူက ရှေ့တန်းထွက်လာတယ်။ ထွက်တာတောင်မှ အဓိကရုဏ်းကို ၀င်ထိန်းပေးတဲ့သဘော။ လူကြမ်းက မင်းသမီးကို ၀င်ကယ်တဲ့အခန်းပေါ့။ သူက အလည်အလတ်ဝါဒရှိသယောင်။ သူက နှစ်ဖက်လှကိုယ်တော်ပေါ့။ ဒီအချိန်မှာ ဟိုလူက သူ့ကို အောက်ကျို့ယင် ခါးပိုက်ထဲထည့်ထားရုံပဲ။ သူ့ဘက်မပါယင် အကြွင်းမဲ့ ဘ၀ဖျက်လိုက်မယ်။ ဒါပါပဲ။ မပိုင်ယင် မကိုင်ဘူး။

No comments: