Tuesday, January 20, 2009

အာဏာရှင်တို့ရဲ့သရုပ်သကန်(၂)

(၂) အာဏာရှင်တွေကို ဘယ်သူက မွေးထုတ်ပေးလဲ

တို့တတွေပါပဲ။ အာဏာရှင်တွေက လူတွေရဲ့အားနည်းချက်ကို သိတယ်။ အားအနည်းဆုံးအချက်မှာ ဆင်ခြင်တုံတရား။ လူတွေက စိတ်ကူးယဉ်တာ ၀ါသနာပါပေမယ့် အရာရာကို အလေးထားဖို့ ပျင်းတယ်။ သမိုင်းကို ပြောယင် လှံထမ်းနေရဦးမယ်။ မနေ့ကအကြောင်းကိုတောင် မေ့ချင်နေသေး။ ကိုယ်ဘာကြိုက်တတ်သလဲ ဒါကို ကိုယ်က သတိမထားမိဘူး။ အာဏာရှင်တွေက သိနေပြီ။ သူတို့က ဒီလိုင်းမှာ အထာညက်တယ်။ ကိုယ်အစည်းရုံးခံလိုက်ရပြီဆိုတာတောင် ကိုယ် မသိလိုက်ဘူး။ သတိထားမိဖို့ နေနေသာသာ။ အာဏာရှင်ကိုတောင် အကာအကွယ်ပေးမိပြီးသား ဖြစ်နေမယ်။

အာဏာရှင်တွေက ပုဂ္ဂိုလ်ရေးကိုးကွယ်မှုကို အားပေးတယ်။ သူက အဖွဲ့အတွက် မရှိမဖြစ် လိုအပ်တယ်၊ သူမပါယင် မပြီးဘူး၊ အဖွဲ့ထဲ သူပဲ ကိုယ်ကျိုးစွန့်တယ်၊ သူက အဖွဲ့အတွက်ပဲ စဉ်းစားတယ် ဒီလိုသရုပ်သကန်မျိုးဖြစ်အောင် အရင်လုပ်တယ်။ များသောအားဖြင့် အာဏာရှင်တို့ရဲ့အသိုင်းအ၀ိုင်းမှာ ပညာတတ်တွေ ရှိလေ့မရှိဘူး။ သူ့မှိုင်းမိနေတဲ့လူတွေပဲ ရစ်ဝဲနေလေ့ရှိတယ်။ အာဏာရှင်တွေ အပြင်ပန်းမှာ အရမ်းကို သဘောထားပြည့်ဝတဲ့လူတွေပါပဲ။ ပတ်ပတ်လည်ဝိုင်းရံနေတဲ့လူတွေက သူ့တို့ကို ဘုရားတစ်ဆူ ဂူတစ်လုံးလို တကယ်ထောက်ခံနေတာပါ။ သူတစ်ယောက်ထဲပဲ မှန်နေပြီ တစ်ကမ္ဘာလုံးမှားနေတယ်လို့ ထင်နေတတ်ကြတယ်။ ဒီမျိုးစေ့ကနေပဲ အာဏာရှင်တွေ ပေါက်ဖွားလာတာပါ။

No comments: