Saturday, December 15, 2007

History of Syriam (3)

မရှိလျှင်၊ သက္ကရာဇ် ၉၇၀ပြည့်တွင် သားတော်အနောက်ဘက်လွန်မင်းတရားရွှေထီး ရွှေနန်းကို စိုးအုပ်တော်မူသည်။ ပြည်မြို့မှာလည်း၊ မင်းကြီးနောင်ကို၊ ရန်နိုင်မှုလုပ်ကြံ၍၊ မင်းပြုတော်မူလျှင်၊ သက္ကရာဇ် ၉၇၄ခုတွင်၊ အနောက်ဘက်လွန်မင်းတရားကြီးဘုရား၊ အလုံးအရင်းများနှင့်၊ ပြည်မြို့သို့ ချီတော်မူသည်။ ရောက်လျှင်၊ ရခိုင်မြို့က၊ ဘရင်ဂျီကုလား၊ ငဇင်္ဂါသည်၊ သိမ်ဂုတ္တရကုမ်း၊ ရွှေဆံတော်ဘုရားရှင်စီစေတီကောင်းမှု၊ ခေါင်းလောင်းကြီးကို ချ၍၊ အမြောက်သွမ်းမည်ကြံသည်တွင်၊ ဘုရားရှင်တံခိုးတော်ကြောင့်၊ ပန်အလွဲတွင်၊ သဘောင်္နှင့်တကွ နစ်မွန်း၍ အမြောက်မသွမ်းရရှိသည်တွင်၊ ငဇကာင်္သည် အနောက်ဘက်လွန်မင်းတရားကြီး ပြည်မြို့ကို အလိုပြည့်သည်နှစ်၊ လက်နက်ကြိယာ၊ ဆေးခဲးရန်း၊ လက်ဆောင်ပဏ္ဏာ၊ က္ဈန်တော်ကို သံလျှင်မြို့တွင်၊ မြို့ရာသရေချပ်ရာ၊ သနားတော်မူပါ၊ အသနားခံ၍၊ မြေသရေတချပ်ရာ သနားတော်မူသည်တွင်၊ ငဇင်္ဂါသည် သရေကို၊ နန်းငင်၍၊ အရှေ့အနောက်တောင်မြောက် သရေကြိုးတဆန့်စီ တိုင်းထွာပြီးလျှင် မြို့တည်လေသည်။ ဘ၀ရှင်မင်းတရားကြီးလည်း ပြည်မြို့ကို အလိုတော်ပြည့်လျှင် တောင်ငူဘထွေးတော်နတ်ရှင်နောင်ကို စည်းစိမ်းပျက်သနားတော်မူမြဲသနားတော်မူသည်။ နန်းတော်မှန်ကင်းကို ချ၍၊ ရွှေထီးရွှေနန်း၊ ရာဇပလ္လင် ဦးကင်းထီးဖြူနှင့်တကွ မင်းပြုစေသည်။ ၎င်းသားတော်မင်းရဲကျော်ထင်ခံ၊ မင်းရဲကျော်စွာသားတော် ၂ပါးကိုလည်း၊ အင်းဝနေပြည်တော်သို့ သိမ်းခေါ်ခဲ့၍၊ ရမည်းသင်း၊ ယင်းတော်သို့ ရောက်မှ၊ တူတော်အနောက်က္ဈန် မခံလိုတော့ပြီ၊ ငဇင်္ဂါအစီအရင်ကို ခံတော့မည်၊ ရာဇသံမှာ စာနှင့် ကြက်ရုမ်းပင်စားတို့ကို၊ သံလျှင်မြို့ ငဇင်္ဂါထံသို့ စေသည်တွင်၊ ကြက်ရုမ်းပင်စားတို့နှင့်၊ ငဇင်္ဂါကို ဗိုလ်လုံးတပ်လုံးအများ တောင်ငူသို့ ရောက်လာ၍၊ ဘ၀ရှင်မင်းတရားက ထားခဲ့သည်၊ ၀န်ရှင်တော်ဗိုလ်မှူးတပ်မှူး၊ လှံကိုင်အစောင့်အနေတို့က၊ ဆီးကြိုတိုက်လှန်လျှင်၊ ၀န်ရှင်တော် ဆင်ဦးပေါ်တွင် လက်နက်သင့်၍ ဆုမ်းသည်နှင့်၊ ရဲမက်လက်နက်ကိုင်တို့ မခံမရပ်နှိုင်၊ ရွှေဘ၀ါးတော်အောက် အင်းဝသို့ ထွက်ပြေး၍ တောင်ငူမြို့ကို ကုလားတို့ ရလေသည်။ နတ်ရှင်မယ်တော်ကိုလည်း၊ ပန်းယမြို့တွင်၊ စကျောအိမ်ဖြူဆောက်၍ ထားတော်မူသည်။ များမကြာ၊ ရှမ်းပြည်၊ မိုးကောင်းမိုးညှင်း၊ မညိမ်မ၀ပ်ကြောင်းကို ကြား၍၊ ချီတော်မူပြန်သည်။ အလိုတော်ပြည့်၍၊ နေပြည်တော်သို့ ရောက်တော်မူလျှင်၊ သက္ကရာဇ် ၉၀၁ခု၊ သံလျှင်သို့ ချီတော်မူသည်၊ သံလျှင်မြို့ကို အောင်တော်မူလျှင်၊ ဘထွေးတော်ကို စစ်ဆေးမေးမြန်း၍၊ သာသနာတော်ဖြက်လူဆိုးလူသွမ်းတို့နှင့် ပေါင်းဘက်သသူ ဖြစ်သည်။ ဘထွေးတော် ဖြစ်သော်လည်း၊ မထားသင့် အမိန့်တော်ရှိ၍၊ ရင်ကိုဖွင့်စေသည်။ ငဇင်္ဂါကိုလည်း သာသန်ာတော်ကို ဖြက်၍ ပြစ်သည်ဆို၍၊ သံလျှင်မြို့ရုံးရှေ့တွင်၊ သံတံကျင်တင်သည်၊ စီရင်ကွပ်ဖြက်တော်မူပြီးလျှင်၊ သံလျှင်မြို့ကိုလည်း သဘောင်္ဆိပ်ဖြစ်၍၊ သဘောင်္အဆီးအကျိုင်းစောင့်၊ ကင်းရဲလှေ ၁၂ စင်းခန့်တော်မူသည်။ ၉၈၄ခုတွင် ဟံသာဝတီသို့ ချီတော်မူ၍၊ သက္ကမတဲနန်းတော်မှာ စံတော်မူသည်တွင်၊ ရခိုင်ဘုရင်က ငဇင်္ဂါကို ကူညီစိမ့်မည်၊ သဘောင်္ ၃စင်း၊ လက်နက်ကြိယာအများနှင့်၊ သံလျှင်ဆိပ်သို့ ရောက်ကြောင်းကို ကင်းစောင့်၊ ကင်းနေတို့ လျှောက်ထား၍ ကြားသိတော်မူလျှင်၊ ၀န်ရှင်တော်သီရိန္ဒယောတနှင့်၊ ရဲမက်လက်နက်ကိုင်အများခန့်ထား၍၊ စကားပြေပြောဆိုရမည်၊ ပြေလိုလျှင်ပြေစေ၊ မပြေလိုလျှင်လည်း သဘောင်္သုံးစင်းသားတို့ကို၊ မထွက်မသွားစေနှင့်၊ အမိန့်တော်ရှိ၍၊ ပြောဆိုရသည်တွင် ပြေလည်၍၊ သဘောင်္သုံးစင်းမှာပါသည့်လက်နက်ကြိယာများနှင့်တကွ သဘောင်္သားတို့ကို၊ သက္ကမတဲနန်းတော်သို့ ခေါ်၍၊ ရောက်လျှင်၊ စစ်ကြောမေးမြန်းပြီးမှ၊ သစ္စာတင်ပေး၍၊ ပသီးဗရင်ျါီသဘောင်္သုံးစင်းသားတို့ကို၊ ရွှေစက်တော်အောက် ထန်းရွက်စေသည်။ ငဇင်္ဂါဆွေသားမျိုးသားတို့ကိုလည်း၊ တပယင်းတွင်၊ ချထားတော်မူသည်၊ ငဇင်္ဂါလက်နက်ကိုင်လူစုတို့ကို၊ ကြောက်ရစ်ပနက်၊ ယင်းတော်မြို့ရွာများတွင်၊ လုပ်မြေနေမြေနှင့် ချထားတော်မူသည်။ ငဇင်္ဂါငယ်သားကုလားပသီတို့ကို မြေဒုမှာ ချထားတော်မူသည်။ အရပ်ရပ်အစို့အငန်းကိုလည်း သက္ကမတဲနန်းတော်တွင်၊ ဘွဲ့ဘက်တော်မူသည်။ မုတ္တမ ၃၅ မြို့၊ ၁၅ကင်း၊ လမ်းဆုံလမ်းဝ ဣန္ဒဂီရိဘုမ္မဂီရိ၊ ယိုးဒယားလင်းဇင်း၊ လမ်းဆုံးလမ်းဝ၊ အစောင့်အနေ ၁၅ကင်းတို့ကိုလည်း ဘွဲ့ဘက်ခန့်ထားတော်မူသည်။ ကမ္ဗောဇတိုင်း၊ ကြိုင်ရုမ်ကြိုင်သည်၊ မညိမ်က၀ပ်ရှိကြောင်းများကို ကြားတော်မူ၍၊ ညီတော်သတိုးဓမ္မရာဇာ၊ မင်းရဲကျော်စွာတို့ကို၊ ရှမ်းပြည်ယွန်းပြည်သို့ အလုံးအရင်းများနှင့် ချီသွားစေသည်၊ သားတော်မင်ဲးဒိပ္ပသည်၊ သက္ကမတဲနန်းတော်တွင်၊ ကိုယ်လုပ်တော်သီရိမဟာဒေ၀ီကို ယည်ပါး၍ သန္ဓေရှိသည်နှင့်၊ သက္ကမတဲနန်းတော်က ပြောင်း၍၊ အနောက်ဘက်မော်အရီတဲနန်းတော်မှာ၊ စံတော်မူသည်တွင်၊ သားတော်မင်းရဲဒိပ္ပလုပ်ကြံ၍၊ သက္ကရာဇ် ၉၉၀ပြည့်တွင်၊ နတ်ပြည်စံတော်မူသည်။ မင်းရဲဒိပ္ပက ဘထွေးတော်တို့ကို၊ သစ္စာတိုက်စေသည်တွင်၊ ဘထွေးတော်တို့က သစ္စာကို မခံ၊ ရှမ်းပြည်ယွန်းပြည်သို့ ချီသွား၍၊ ရှမ်းယွန်စစ်သည်ရဲမက်လက်နက်ကိုင်အများတို့ကို သိမ်းရုံးပြီးမှ၊ အင်းဝသို့ ချီလာ၍၊ ရောက်လျှင်၊ မင်းရဲဒိပ္ပထားသည့် ဗိုလ်မှူးတပ်မှူးတို့ကို စီရင်ကွပ်မြက်ပြီးမှ၊ သာလွန်မင်းတရားကြီး မင်းပြုသည်။

No comments: